ဂျာနယ်လစ်အပါအဝင် အစ္စရေးလက်ချက်ဖြင့် သေဆုံးသူများကို ပါလက်စတိုင်း သဂြိုလ်

ဂျာနယ်လစ်အပါအဝင် အစ္စရေးလက်ချက်ဖြင့် သေဆုံးသူများကို ပါလက်စတိုင်း သဂြိုလ်

 

ဂါဇာစီးတီး၊ ဧပြီ ရ ။         ။ ဂါဇာနယ်စပ်က သီတင်းပတ်ကြာ ဆန္ဒပြမှုများမှ နောက်ဆုံးထိပ်တိုက်တွေ့မှုအတွင်း သေဆုံးကြသော ဂျာနယ်လစ်တစ်ဦးအပါအဝင် ပါလက်စတိုင်းကိုးဦးကို ဧပြီ ရ ရက်တွင် ဂါဇာကမ်းမြောင်အတွင်း အသုဘချ သဂြိုလ်သည်။

 ဂါဇာဝန်းကျင်က နယ်စပ်စည်းရိုးသို့ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းဆန္ဒပြသူများ ချည်းကပ်စုရုံးနေကြသည်။ ကားတာယာများ မီးရှို့ခြင်း၊ အစ္စရေးစစ်သားများအား ကျောက်ခဲများ ပစ်ပေါက်ခြင်းများ ရှိ၍ အစ္စရေးတို့က မျက်ရည်ယိုဓာတ်ငွေ့နှင့် ကျည်စစ်များဖြင့် တုံ့ပြန်ပစ်ခတ်သည်။

ယခု နောက်ဆုံးထိပ်တိုက်တွေ့မှုတွင် အစ္စရေးတို့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ကိုးဦး သေဆုံးကာ ၄၉၁ ဦး ဒဏ်ရာရကြောင်း ဟားမတ်စ်အုပ်ချုပ်သော ဂါဇာနယ်မြေအုပ်စုမှ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 ဆန္ဒပြအင်အားက နှစ်သောင်းနီးပါးရှိပြီး နယ်စပ်ကို ဖြတ်ကျော်ရန် လုပ်ဆောင်နေကြောင်း အစ္စရေးဖက်က ပြောသည်။

 ပါလက်စတိုင်း ထောင်ပေါင်းများစွာ နယ်စပ်သို့ ချည်းကပ်လာ၍ အစ္စရေးစစ်သားများ ပစ်ခတ်ခဲ့ရာမှ ၁၉ ဦးအထိ သေဆုံးခဲ့သော ၂၀၁၄ စစ်ပွဲနောက်ပိုင်း အသေအဆုံး အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည့် မတ်လ ၆ ရက်ကထက် ဆန္ဒပြအင်အား လျော့နည်းခဲ့သည်။

ထိပ်တိုက်တွေ့မှုများတွင် အစ္စရေးဖက်က ဒဏ်ရာရသူ မရှိဘဲ ယခု ပါလက်စတိုင်းတို့ သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုတိုက်တွန်းမှုများ ရှိလာသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly