အခြေခံဥပဒေပါ အခန်း၅၊ ပုဒ်မ ၂၈၈နှင့် ၂၈၉ တို့ အား ပြင်ဆင်နိင်ရေး မကွေးတိုင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

အခြေခံဥပဒေပါ အခန်း၅၊ ပုဒ်မ ၂၈၈နှင့် ၂၈၉ တို့ အား ပြင်ဆင်နိင်ရေး မကွေးတိုင်းပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

 

ဧပြီလ ရ ။              ။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ Action Committee for Democracy Development (ACDD) အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် အခြေခံအဆင့် အုပ်ချုပ်ရေး ဆိုင်ရာကဏ္ဍနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) အခန်း၅၊ ပုဒ်မ ၂၈၈နှင့် ၂၈၉ တို့ အား ပြင်ဆင်နိင်ရန် ရည်စူး၍ မကွေးတိုင်းပြည်သူများနှင့်   တွေ့ဆုံဆွေးနွေးပွဲအား ယနေ့ ဧပြီလ ရ ရက်နေ့က မကွေးမြို့ကမ်းနားလမ်း ရွှေလှေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မင်းဘူး၊မကွေး၊စလင်း၊ ဆင်ဖြူကျွန်း၊ပွင့်ဖြူ၊ ဆိပ်ဖြူ။ ချောက်၊ ရေနံချောင်းနှင့် ဆော မြို့နယ်များမှ ပြည်သူများ၊မကွေးတိုင်းလူငယ်ကွန်ရက် အပါအဝင် မင်းဘူး၊ စကု၊ ပွင့်ဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက “ ခရိုင်နဲ့မြိုနယ် အုပ်ချုပ်ရေးမှူးတွေကိုလည်း  ပြည်သူလူထုကနေ တိုက်ရိုက်ပြီးတော့ အုပ်ချုပ်မှပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာမယ်”ဟု ယုံကြည်ကြောင်း ပြောသည်။

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ ဦးဆောင်ညှိနိုင်းရေးမှူး ကိုရဲမင်းနောင်က “ ဒီမှာ ပြုလုပ်ရတဲ့ အကြောင်းအရင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ဒီပုဒ်မ ၂၈၈၊၂၈၉မှာ ပုဒ်မ ၂၈၈က ဒီအခြေခံဥပဒေ မူရင်းမှာ ပြဋ္ဌာန်းထားတဲ့ ခရိုင်နဲ့မြို့နယ် အဆင့်ရှိတဲ့ အုပ်ချုပ်ရေးမှူးများကို နိင်ငံဝန်ထမ်းများ ခန့်အပ်တာဝန်ပေးအပ်ရမယ့် အပေါ်ကို ပြဋ္ဌာန်းချက်ဟာ ပြည်သူလူထု ဆန္ဒ စိတ်ခံစားချက် သဘောတရား၊ သူတို့ရဲ့ တုန့်ပြန်မှုတွေက ဘယ်လိုရှိသလဲ၊ ပြီးတော့ အုပ်ချုပ်ရေးရဲ့ တာဝန်ကို ထမ်းဆောင်နေကြသူတွေရဲ့ စိတ်ခံစားချက်ကကော ဒီပုဒ်မ ၂၈၈အပေါ်မှာ ဘယ်လိုသဘောထားသလဲ၊နောက် ဥပဒေပြုရေးမဏ္ဍိုင်မှာ ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များကလဲ ပူးပေါင်းဆောင်ရွက်မှုမှာဘယ်လိုတွေ ရှိနေသလဲဆိုတာကို ကျွန်တော်တို့က ပြည်သူလူထုကို တင်ပြတာပါ” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly