ကနေဒါမှာ ဟော်ကီကစားသမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတိုက်မိပြီး လူ ၁၄ ဦး သေဆုံး

ကနေဒါမှာ ဟော်ကီကစားသမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတိုက်မိပြီး လူ ၁၄ ဦး သေဆုံး

 

ဧပြီ ရ ။               ။ ကနေဒါနိုင်ငံမှာ အငယ်တန်း ဟော်ကီအားကစားသမားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး ဧပြီလ ၆ ရက်က အခြားထရပ်ကားတစ်စီးနဲ့တိုက်မိမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ယင်း ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဒဏ်ရာရသူ ၁၄ ဦးလည်း ရှိပြီး ၎င်းတို့အနက် သုံးဦးက အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

Humboldt Broncos ရေခဲပြင် ဟော်ကီ အသင်းသားတွေ လိုက်ပါလာတဲ့ ကားဟာ ပြိုင်ပွဲတစ်ခု သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ထွက်ခွာလာရင်းနဲ့ ကျေးလက်အမြန်လမ်းပေါ်မှာ ယခုလို ယာဉ်မတော်တဆမှုနဲ့ တွေ့ကြံုခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ဘတ်စ်ကားကတော့ ဒရိုင်ဘာအပါအဝင် လူပေါင်း ၂၈ ဦး တင်ဆောင်လာတာဖြစ်ပါတယ်။

ယခု ယာဉ်တိုက်မှုဖြစ်စဉ်ကတော့ ကုန်သွယ်ရေး အချက်အချာမြို့ Tisdale ရဲ့ မြောက်ပိုင် ၂၈ ကီလိုမီတာအကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

အဆိုပါ ဟော်ကီအသင်း ဘတ်စ်ကားမတော်တဆမှုဖြစ်စဉ်နဲ့ပတ်သက်လို့ များစွာ ထိခိုက်ဝမ်းနည်းရတယ်ဆိုပြီးတော့လည်း ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက တွစ်တာကနေတဆင့် ထုတ်ဖော်သွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly