နိုင်ဂျီးရီးယားတွင် ဘဏ်နှစ်ဘဏ်နှင့် ရဲစခန်းတို့ကို ဓားပြများ စီးနင်းရာ လူ ၁၅ ဦး သေဆုံး

နိုင်ဂျီးရီးယားတွင် ဘဏ်နှစ်ဘဏ်နှင့် ရဲစခန်းတို့ကို ဓားပြများ စီးနင်းရာ လူ ၁၅ ဦး သေဆုံး

 

အဘိုင်ဂျာ၊ ဧပြီ ရ ။                              ။ နိုင်ဂျီးရီးယားနိုင်ငံ အော့ဖ်ဖာမြို့တွင် လက်နက်ကိုင်ဂိုဏ်းတစ်ဂိုဏ်းက ဘဏ်နှစ်ဘဏ်နှင့် ရဲစခန်းတို့ကို စီးနင်းရာ လူ ၁၅ ဦး သေဆုံးကြောင်း ရဲက အေအက်ဖ််ပီသို့ ပြောသည်။

ဧပြီ ၆ ရက်က ဖြစ်ပွားသော အဆိုပါ စီးနင်းမှုသည် နိုင်ဂျီးရီးယားနိုင်ငံ၏ တည်ငြိမ်မှု ကင်းမဲ့ရာ ရာဇဝတ်ဂိုဏ်းများက လုံခြံုရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိရာ အရပ်ဒေသတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

“ရဲစခန်းတစ်ခုကို တိုက်ခိုက်တဲ့ တစ်ချိန်တည်းမှာပဲ ဘဏ်နှစ်ဘဏ်ကိုပါ စီးနင်းတိုက်ခိုက်တာဖြစ်ပါတယ်။”ဟု ကဝါရာရဲဌာန ပြောခွင့်ရသူ အေဂျာယီက ဆိုပြီး ရဲကိုးဦးနှင့် အရပ်သား ခြောက်ဦး သေဆုံးကြောင်း ဖြည့်စွက်ပြောသည်။

ဘဏ်တစ်ချို့နှင့် ရဲစခန်းရှိရာ စီးပွားရေးအချက်အခြာကျရာသို့ ယင်းဂိုဏ်းက ဒေသစံတော်ချိန် ညနေ ငါးနာရီခန့့်တွင် ၀င်ရောက်စီးနင်းခြင်း ဖြစ်ကြောင်း အေဂျာယီက ပြောသည်။

“သူတို့့ အားလုံးကို ဖမ်းဆီးမိနိုင်ရေး ကျွန်တော် ကြိုးစားနေပါတယ်။”ဟု ၎င်းက ပြောပြီး ယင်းလက်နက်ကိုင်ဓားပြများ ဘဏ်မှ မည်မျှအထိ တိုက်ခိုက်ရယူသွားသည်ကို မသိရသေးကြောင်း ဆိုသည်။

ဘဏ်များအတွင်းသို့ ဓားပြများ ၀င်ရောက်လာကာ လူများကို နေရာတွင်ပင် ပစ်ခတ်ကာ အိတ်များအတွင်း ပိုက်ဆံများ ထည့်၍ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း မျက်မြင်များက ဆိုသည်။

“သူတို့က နှစ်အုပ်စုခွဲထားတယ်။ တစ်အုပ်စုက ရဲစခန်းကို လာတိုက်ခိုက်တာဖြစ်တယ်။”ဟု အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက ပြောသည်။

“နောက် ကျန်တဲ့ အုပ်စုကတော့ ဘဏ်နှစ်ဘဏ်ကို စီးနင်းဓားပြတိုက်တော့တာ ဖြစ်ပါတယ်။ ဘဏ်ထဲမှာ ရင်ဆိုင်တွေ့တဲ့ သူတွေကို သူတို့က ပစ်ခတ်သွားတာ ဖြစ်တယ်။ ခေါင်းကို အများဆုံး ပစ်တာပဲ။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly