ဘော့စနီးယားမြို့တော် ဆာရာဂျေဗို၏ အမှတ်သင်္ကေတ ကေဘယ်လ်ကားပြေးဆွဲမှု ၂၆ နှစ်ကြာပြီးမှ ပြန်လည်ဖွင့်လှစ်

ဘော့စနီးယားမြို့တော် ဆာရာဂျေဗို၏ အမှတ်သင်္ကေတ ကေဘယ်လ်ကားပြေးဆွဲမှု ၂၆ နှစ်ကြာပြီးမှ ပြန်လည်ဖွင့်လှစ်

 

ဧပြီ ရ ။                             ။ လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်အလွန်က သွေးထွက်သံယိုများခဲ့သည့် ဘော့စနီးယားမြို့တော် ဆာရာဂျေဗို ၀န်းရံပိတ်ဆို့ခံရမှု အစပိုင်းကာလအတွင်း ဖျက်ဆီးခံခဲ့ရသော ကေဘယ်လ်ကားများကို ယခုအခါ ပြုပြင်ပြီး ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၏ မြို့တော် ဆာရာဂျေဗို၏ ထင်ရှားသည့် အမှတ်သင်္ကေတတစ်ခုဖြစ်ခဲ့သော အဆိုပါ ကေဘယ်လ်ကားပြေးဆွဲမှုကို ယခုအခါ နှစ်ပေါင်း ၂၆ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ရာနှင့်ချီသော မြို့တော်သူ မြို့တော်သားများမှာလည်း ထရီဗီဗစ် တောင်ပေါ်ကနေတဆင့် တစ်မြို့လုံးကို အပေါ်စီးမှ မိုးကြည့်လျင် တွေ့ရနိုင်မည့် ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ခံစားနိုင်ရန်အတွက် အဆိုပါ ကေဘယ်လ်ကားများကို လိုက်ပါစီးနင်းကြရန် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

ယခု အခိုက်အတန့်မှာ စစ်ကြိုကာလ အမှတ်တရာဖြစ်စဉ်များကို ပြန်လည် ရှင်သန်အောက်မေ့စေခဲ့ကြောင်းလည်း သိရသည်။

" တစ်မြို့လုံးကို အပေါ်စီးကနေ တွေ့ရတဲ့ မြင်ကွင်းမျိုးကို ဒါ ပထမဆုံးအကြိမ် ရလိုက်တာပါ" ဆိုပြီး ယခင် ယူဂိုဆလာဗီးယား၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့စဉ်ကတည်းက နာမည်ကြီးနေခဲ့သည့် ရော့ခ် တီးဝိုင်း Valentino မှ အဆိုတော် ဇီဂျို ရစ်ဇ်ဗန်ဘီဂိုဗစ်က ပြောသည်။

" ဒီ မြို့မှာက ထင်ရှားတဲ့ အမှတ်သင်္ကေတ အများကြီး ရှိတယ်၊ ဒါပေမယ့်လည်း ဒီကေဘယ်လ်ကားနဲ့ အမျိုးသားစာကြည့်တိုက်ကြီးကတော့ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံးဖြစ်မယ်လို့ ထင်ပါတယ်" ဆိုပြီး ၎င်းက ပြောပြသွားသည်။

အဆိုပါ ကေဘယ်ကားပြေးဆွဲမှုမှာ ၁၉၉၂ ခုနှစ် မတ်လက ယင်း၏ အစောင့် ရာမို ဘိုင်ဘာ ဆိုသူလုပ်ကြံခံရမှုနှင့်အတူ ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင်မှ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly