ဂါဇာနယ်စပ်တွင် အစ္စရေးစစ်သားများ ပစ်ခတ်၍ ပါလက်စတိုင်း ကိုးဦး သေဆုံး

ဂါဇာနယ်စပ်တွင် အစ္စရေးစစ်သားများ ပစ်ခတ်၍ ပါလက်စတိုင်း ကိုးဦး သေဆုံး

 

ဂါဇာစီးတီး၊ ဧပြီ ရ ။                       ။ အစ္စရေးနယ်စပ် ဂါဇာဖက်တွင် ဧပြီ  ၆ ရက် ဆန္ဒပြမှုများအတွင်း အစ္စရေးစစ်သားများပစ်ခတ်၍ ပါလက်စတိုင်းအရပ်သား ကိုးဦး သေဆုံးခြင်းကြောင့် အရေးယူရန် ကုလသမဂ္ဂလုံခြံုရေးကောင်စီအား ပါလက်စတိုင်းက တိုက်တွန်းသည်။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ရီယက်မန်ဆောက ကလေးတစ်ဦး အပါအဝင် ပါလက်စတိုင်း ကိုးဦး သေဆုံးကြောင်း၊ ဆန္ဒပြမှုများအတွင်း ဒဏ်ရာရသူပေါင်းက တစ်ထောင်ကျော်ထက်မနည်းရှိကြောင်း ပြောသည်။

ယခုကဲ့သို့ ဧပြီ ၆ ရက်တွင် ကိုးဦး ထပ်မံသေဆုံးမှုကြောင့် သီတင်းပတ်ကြာဆန္ဒပြမှုများအတွင်း သေဆုံးသူပေါင်းက ၃၀ အထိ ရှိပြီး ဒဏ်ရာရသူများမှာ ၂၅၀၀ ကျော်ရှိကြောင်း ၎င်းက သတင်းထောက်များအား ပြောသည်။

အစ္စရေးသည် လူအစုပြံုလိုက် သတ်ဖြတ်ခြင်းကို ကျုးလွန်နေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တိုက်တွန်းထားချက်ကို မသိကျိုးကျွန်ပြုနေကြောင်း မန်ဆောက စွပ်စွဲပြောသည်။

ဂါဇာနယ်စပ်က ဆူပူဆန္ဒပြမှုများနှင့် ပတ်သက်ပြီး အခြေအနေကို စိုးရိမ်ပူပန်ကြောင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်နှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းထားပြီး လွတ်လပ်သော၊ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုအတွက် ပြီးခဲ့သည့် သီတင်းပတ််အတွင်း တောင်းဆိုထားခဲ့သည့် လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂက ပလပ်ခဲ့သည်။

လုံခြံုရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံမဟုတ်သော ကူဝိတ်နိုင်ငံက ပလပ်ခံရဖို့ ကျိန်းသေသလောက်ရှိသော်လည်း ဧပြီ  ၆ ရက်တွင် အလားတူမူကြမ်းတစ်ရပ်ကို တင်သွင်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly