ရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းကြောင်း မလေးရှားဝန်ကြီးချုပ် ကြေညာ

ရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းကြောင်း မလေးရှားဝန်ကြီးချုပ် ကြေညာ

ကွာလာလမ်ပူ၊ ဧပြီ ၆ ။        ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ၎င်း၏ အာဏာရပါတီအတွက် အခက်ခဲအကြမ်းတမ်းဆုံး စမ်းသပ်မှု ဖြစ်လာဖွယ်ရှိသည့် အထွေထွေးရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းကြောင်း ဧပြီ ၆ ရက်တွင် ကြေညာသည်။

ဝန်ကြီးချုပ် နာဂျစ်အနေဖြင့် ငွေကြေးအရှုပ်တော်ပုံကြီးကြောင့်လည်းကောင်း၊ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီ၏ စိန်ခေါ်မှုအားဖြင့်လည်းကောင်း ယခုရွေးကောက်ပွဲသည် အကြမ်းတမ်းဆုံးဖြစ်လာနိုင်သည်။

ရုပ်မြင်သံကြားတွင် ၂၅ မိနစ်တာ မိန့်ခွန်းအတွင်း Barisan Nasional ညွန့်ပေါင်းပါတီ၏ အောင်မြင်မှုများကို ထည့်သွင်းပြောကြားပြီးနောက် နာဂျစ်သည် ရွေးကောက်ပွဲတွင် ထဲထဲဝင်ဝင်ပါဝင်နိုင်ကြရန် လာမည့် ဧပြီ ရ ရက်က စတင်ကာ ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာသည်။

“ကျွန်တော်တို့ဟာ ဆက်လက်ချီတက်နေမှာဖြစ်ပါတယ်။ နောက်ထပ် ငါးနှစ်တာ အာဏာအုပ်ချုပ်ရေးမှာ Barsian Nasional အတွက် အများထောက်ခံမှု ရရှိအောင် ကျွန်တော် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”ဟု နာဂျစ်က ပြောသည်။

ယခုကဲ့သို့ ပါလီမန် ဖျက်သိမ်းကြောင်း ကြေညာပြီးနောက်တွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မေလအစောပိုင်းတွင် ဖြစ်ဖွယ်ရှိသော ရွေးကောက်ပွဲကျင်းပမည့်ရက်အား လာမည့်ရက်ပိုင်းအတွင်း ကြေညာရမည် ဖြစ်သည်။

နာဂျစ်၏ ညွန့်ပေါင်းပါတီသည် ၁၉၅၇ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးကတည်းက အာဏာရလာခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ထောက်ခံမှု ကျဆင်းလာခဲ့သည်။

ကမ္ဘာ့သတင်းများတွင် အထူးသတင်းတစ်ရပ်ဖြစ်ခဲ့သည့် မလေးရှား နို်င်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းကြီး 1MDB ၏ ရန်ပုံငွေနှင့် ပတ်သက်သော အရှုပ်တော်ပုံ ပေါ်ပေါက်ကာ ဝန်ကြီးချုပ် နာဂျစ်ပါဝင်ပတ်သက်နေသည့် စွပ်စွဲချက်များ ထွက်ပေါ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly