ရှစ်လေးလုံးပါတီအစား ရှစ်လေးလုံးပြည်သူ့ပါတီဟူ၍ အမည်ပြောင်းလဲ မှတ်ပုံတင်

ရှစ်လေးလုံးပါတီအစား ရှစ်လေးလုံးပြည်သူ့ပါတီဟူ၍ အမည်ပြောင်းလဲ မှတ်ပုံတင်

 

နေပြည်တော် ၊ မတ်လ ၆ ။                     ။ နိုင်ငံရေးအင်အားစုများ ၈၈မျိုးဆက်များဖြင့် ဖွဲ့စည်းတည်ထောင်သည့် ရှစ်လေးလုံးပါတီ အမည်အစား ရှစ်လေးလုံးပြည်သူ့ပါတီဟူ၍ ယနေ့ ဧပြီလ ၆ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာရောက်ပြီး အမည်ပြောင်းလဲ မှတ်ပုံတင်ခဲ့သည်။

ယခုကဲ့သို့ ရှစ်လေးလုံးပါတီ ပြည်သူ့ပါတီဟု အမည်ပြောင်းလဲလိုက်ခြင်းသည် ဧပြီလ ၁ ရက်နေ့တွင်ရန်ကုန်မြို့ မြကျွန်းသာဥယျာဉ်အတွင်းရှိ ခိုင်လီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းနှင့်ပြည်နယ်၁၀ခုမှ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ အဆိုပြု တင်သွင်းလာသော ပါတီနာမည်များထဲမှ မဲစနစ်ဖြင့် ယခုကဲ့သို့ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဦးမောင်မောင်လှိုင်က ပြောသည်။

ယခုကဲ့သို့ ရှစ်လေးလုံးပြည်သူ့ပါတီဟု အမည်ပေးလိုက်ခြင်းအပေါ် “အဲ့ဒါက အားလုံးရွေးချယ်တဲ့ နာမည်ပဲ ။ ကျွန်တေ်ာတို့က ဘုတ်နဲ့ပေါ့နော်။ ကျွန်တော်တို့ အားလုံးနာမည် အဲ့နေ့က ရ ခု ထွက်လာတယ်။ ရ ခုမှာ အများဆုံးဖြစ်တဲ့ ပြည်သူ့ဆိုတဲ့ နာမည်ကို ရွေးလိုက်တာ ” ဟု ဦးမောင်မောင်လှိုင်က ပြောသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမင်းဇေယျက ပါတီမှတ်ပုံတင် လျှောက်ထားပြီး ရက်ပေါင်း ၁၂၀ကြာမှ တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကာ   ရွေးကောက်ပွဲ   ကော်မရှင်ခွင့်ပြုသည့်နေ့ ၌ ပါတီတံဆိပ်နှင့် ပါတီ အလံတို့ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဧပြီလ ၁ရက်နေ့က ကျင်းပပြုလုပ်သော နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ အရေးပေါ်အစည်းအဝေးတွင် ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly