ကမ္ဘာနှင့်အဝန်း ရင်းနှီးမြှုပ်နှံသူများက လက်ညှိုးထိုး အပြစ်ဖို့စရာရှာနေစဉ် တရုတ်မှာ ဓားစာခံဖြစ်ရ

ကမ္ဘာနှင့်အဝန်း ရင်းနှီးမြှုပ်နှံသူများက လက်ညှိုးထိုး အပြစ်ဖို့စရာရှာနေစဉ် တရုတ်မှာ ဓားစာခံဖြစ်ရ

ပေကျင်း၊ သြဂုတ်-၂၈ ။        ။ ယခုရက်သတ္တပတ် ကမ္ဘာနှင့်အဝန်းဈေးကွက်များတွင် ကမောက်ကမဖြစ်မှုများအတွက် ပေကျင်းမျာ ပြစ်တင်ခံနေရသည်။ တရုတ် စတော့ဈေးကွက် ဝရုံးသုဉ်းကားဖြစ် မှုမှာနိုင်ငံ၏ ထုထည်ကြီးမားလှသော စီးပွားရေးကြီး ပင်ပန်းအားကုန်သွားသည့် လက္ခဏာဖြစ်သည်ဟုလည်း ဝေဖန်သုံးသပ်သူများက စိုးရိမ်နေကြသည်။

အချို့ဝေဖန်သူများကဆိုလျှင် ပေကျင်းမှာ စီးပွားရေးနှေးကွေးကျဆင်းမှု၏ အတိုင်းအဆနှင့် ပတ်သက်၍ ကမ္ဘာကြီးကို အထင်မှားအောင်လုပ်နေသည်ဟုပင် ပြောဆိုကြသည်။

ဆိုလိုသည်မှာ ပေကျင်းမှာ ဘာကိုမှ မှန်မှန်ကန်ကန် မလုပ်နိုင်သည့်သဘောဖြစ်နေသည်။ မကြာသေးမီရက်များကဆိုလျှင် ပေကျင်းမှာ စတော့ဈေးကွက်ပူပေါင်းကို ဖြစ်ပေါ်စေသည့်အတွက် အဝေဖန်ခံနေ ရသလို၊ ဈေးကွက်များ ပြိုလဲသွားသည့်အခါတွင်လည်း အပြစ်တင်ခံရသကဲ့သို့ အထောက်အပံ့ကို နှုတ်သိမ်းပြီး စတော့များကို ပြန်လည်ကျဆင်းစေသည့်အတွက်ပါ အပြောအဆိုခံနေရသည်။

အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ဒေါသူပုန်ထစေခဲ့သည့် ဒေါ်လာနှင့်ယှဉ်၍ ယွမ်ငွေတန်ဖိုးချမှုကို တရုတ်အစိုးရက ခွင့်ပြုပြီး ရက်သတ္တ သုံးပတ်အကြာတွင် ပေကျင်းမှာ ဈေးကွက်တွင် အသာစီး ရရန် ယွမ်ငွေကို ကစားနေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။   

သို့ရာတွင် ပေကျင်းတွင် တရားမျှတခြင်းကင်းမဲ့စွာ တစ်ဖက်သတ် ဝေဖန်ထိုးနှက်ခံနေရသည်ဟူ၍လည်း ခံစားပိုင်ခွင့်ရှိပါသည်။ အမှန်စင်စစ် အနောက်နိုင်ငံများမှ မူဝါဒရေးဆွဲသူများ ကာလကြာမြင့်စွာ ကတည်းက တိုက်တွန်းတောင်းဆိုလာခဲ့သည့် ဖြစ်သင့်သော ငွေလဲနှုန်းကို ဈေးကွက်ကိုသာ ဆုံးဖြတ်စေသည့် စားသုံးသူများက မောင်းနှင်သည့် စီးပွားရေးမိုဒယ်တစ်ခုကို ဖွံ့ဖြိုးပေါ်ထွက်လာစေခြင်း ပင်ဖြစ်ပါသည်။  

၁၉၈၀ခုနှစ် အစောပိုင်းကာလများမှစတင်ကာ တရုတ်နိုင်ငံမှာ နှစ်၃၀ကြာ မရပ်မနားဖွံ့ဖြိုးလာခဲ့ပြီး အမြင့်ဆုံး ၁၀ရာခိုင်နှုန်းအထိပင် ရောက်ရှိခဲ့သည်။ စီးပွားရေးသိဒ္ဓိပေါက်ရန် ပေကျင်းမှာ ကမ္ဘာကြီး သို့ဈေးပေါသည့် ဂက်ဂျက်များ ထုတ်လပ်ရောင်းချခြင်းအပါ်တွင် မှီခိုလာခဲ့သည်။ ယင်းထုတ်ကုန်များမှ ဝင်ငွေများမှာ အကြီးမားဆုံး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးစည်ပင်မှုအတွင်းသို့ စီးဝင်သွားသည်ကို ကမ္ဘာကြီးက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။  

သို့ရာတွင် ရွှေခေတ်မှာ မကြာမြင့်နိုင်ဟု ပေါ်လစီသမားများ နားလည်ထားခဲ့သည့်အတိုင်းပင် မကြာသေးမီနှစ်များတွင် စားသုံးသူသာလျှင် ဘုရင်ဖြစ်သည့် စီးပွားရေးမိုဒယ်သစ်တစ်ခု စတင်ထူထောင် ဖွဲ့စည်းမိလာခဲ့ပြီး စားသုံးမှုသာလျှင် ဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အား ဖြစ်လာခဲ့သည်။ မိုဒယ်အသစ်က ၆ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းအထိသာရှိသော ယခင်ကထက် ပိုမိုနိမ့်ကျသည့် ဖွံ့ဖြိုးမှုကိုသာလျှင် ထုတ်ပေးသည်။ သို့ရာတွင် ပို၍ ရေရှည်တည်တံ့သည်။ ပေကျင်းကမူ ယင်းကို ပုံမှန်သစ် (new normal)ဟု ထပ်တလဲလဲ ပြောနေသည်။

ခြေလှမ်းအမှားများ၊ နောက်ကြောင်းပြန်မှုများနှင့် ပြည့်နှက်နေသောကြောင့် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရသည်မှာ ခက်ခဲပါသည်။ သို့ရာတွင် သတိမထားပဲ မနေနိုင်လောက်သည့် ဖွံ့ဖြိုးမှု တစ်ခုကို ပြရလျှင် စားသုံးသူက အသက်ရှင်နေကြောင်း လက္ခဏာများကို ပြသလာခြင်းပင် ဖြစ်ပါသည်။

ယခုရက်သတ္တပတ် ကမ္ဘာနှင့်အဝန်းစတော့များ ကမောက်ကမဖြစ်မှု၏ အဓိကကျသော ဓာတ်ကူပစ္စည်းမှာ တရုတ်စက်ရုံထုတ်ကုန်မှာ ၇၇လတာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားမှုကို ဖော်ပြနေသည့် ကုန်ထုတ်ကဏ္ဍအချက်အလက်များပင်ဖြစ်ပါသည်။ ကြောက်စရာကောင်းသည့် ကိန်းဂဏန်းအချက်အလက်မှန်သော်လည်း စားသုံးသူဝယ်လိုအားဆီ ဦးတည်ရွေ့ရှားနေသည့် စီးပွားရေးအဆက်အစပ် အနေဖြင့်ကြည့်ပါလျှင်မူ ထင်သလောက် မဆိုးရွားလှပါ။ Capital Economics ၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ အစစ်အမှန် စားသုံးသူဝန်ဆောင်မှု ညွှန်းကိန်းမှာ ၁၁လတာအတွင်း အမြင့်ဆုံး သို့ရောက်ရှိနေသည်ဟု ဆိုပါသည်။

တရုတ်၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ စိတ်အေးအေးထားကြဖို့ တိုက်တွန်းနေသည်မှာ Capital Economics တစ်ခုတည်းတော့မဟုတ်ပါ။ ဟဲဗီးဝိတ်ကြီး HSBC ကလည်း တရုတ်စီးပွားရေး အခြေအနေနှင့် ပတ်သက်သည့် သတင်းများမှာ သူ့အတွက်တော့ စိတ်ဝင်စားစရာမကောင်းလှဟု ပြောပါသည်။  

အရင့်ကျက်ဆုံး အခြားကမ္ဘာ့စတော့ဈေးကွက်များနှင့်မတူ တစ်မူထူးခြားသည်မှာ ရှန်ဟိုင်းစတော့ဈေးကွက်မှာ တကယ့်စီးပွားရေးနှင့် အလွန်အားနည်းစွာသာ ချိတ်ဆက်မှုရှိခြင်းပင် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly