REFLECTION ဟာ ပရိသတ်ကို အရသာ အသစ်တစ်မျိုးပေးတာဆိုတဲ့ လူမင်း

REFLECTION ဟာ ပရိသတ်ကို အရသာ အသစ်တစ်မျိုးပေးတာဆိုတဲ့ လူမင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် ဧပြီ ၆ ။           ။ REFLECTION ရောင်ပြန် လို့ အမည်ပေး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို အခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ အရသာ အသစ်တစ်မျိုးအဖြစ် ပရိသတ်ကို ပေးလိုက်တာ ဖြစ်တယ်လို့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ လူမင်း က ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့က ညပိုင်းက ရန်ကုန်မြို့၊ သမ္မတရုပ် ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ REFLECTION ရောင်ပြန်ရုပ်ရှင် ဇာတ် ကားမိတ်ဆက်၊ ပြသပွဲမှာ ပြောခဲ့တာပါ။

"အများကြီးတော့ မမျှော်လင့်ပါဘူး၊ ပရိသတ်ကို အရသာတစ်မျိုး အနုပညာဖန်တီးမှု၊ ဒီအပြင်ကားတွေနဲ့ မတူတဲ့ အသစ်ကလေးတစ်မျိုးပေါ့၊ အဲဒါ ပရိသတ်ကို ချပြကြည့်တာပါ၊ အဲဒီအပေါ်မှာ ပရိသတ် နှစ်နှစ်ခြိုက် ခြိုက် ကြိုက်သွားမယ့် ပရိသတ်တွေရှိနိုင်သလို မကြိုက် ဘူးဆိုတဲ့ ပရိသတ်တွေလည်း ရှိနိုင်ပါတယ်လို့တော့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ မင်းသားတစ်ယောက်မှ မပါဘဲ၊ မင်း သမီး ၄ ယောက်ကို အဓိကထားပြီး Fashion ကျကျ ဝတ် ဆင် သရုပ်ဆောင်ထားတာတွေကို မြင်တွေ့ရ သလို နိုင်ငံခြားရုပ်ရှင်ဆန်ဆန် အပစ်အခတ်အသတ် အပုတ်တွေလည်း ရှုစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ဒီကားမှာ အားလုံကြိုးစားထားကြပါတယ်၊ အူဝဲအနေနဲ့ က ရုပ်ရှင်ကားကြီးတွေဟာ များသောအားဖြင့် သိန်း တစ်ထောင်ကျော် ပတ်ချာလည်လောက် သွားကြတယ်ပေါ့၊ ဒါပေမယ့် အူဝဲက စေတနာအရင်းခံပြီးတော့ အကုန်ကျ ခံပြီး သိန်း ၂၀၀၀ ကျော် အကုန်ကျခံပြီး စေတနာနဲ့ လုပ် ထားတယ်ဆိုတာလေး အူဝဲပြောချင်ပါတယ်" လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကလည်း ပြောပါတယ်။

ပရဟိတလုပ်ငန်းတွေ ဘမ်းပြပြီး နောက်ကွယ်မှာ တရား မဝင် ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မေနက္ခတ် ဆိုတဲ့ မိန်းမကြီးတစ်ယောက်ကို မေနိုင်း၊ အရိပ်၊ ကိုကိုး ဆိုတဲ့ မိန်းကလေး ၃ ဦးက အတိတ်ရန်ကြွေးအတွက် ဂလဲ့ စားချေပြီး တရားမျှတမှုတစ်ခု ရယူနိုင်ဖို့ ကြိုးပမ်းကြတာကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားပါတယ်။

"မင်းသမီး ၄ ယောက်လုံး ဒီလို ဆုံဖို့ဆိုတာ မလွယ်ပါ ဘူး၊ ဆုံဖို့ဆိုတာလည်း ရှားပါတယ်၊ ပြီးတော့ အက်ရှင် လည်းဖြစ်တယ်၊ ဖိုက်တင်တွေလည်း ပါတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ခေါက် ဒါမျိုးထပ်ရိုက်ဖို့ ဆိုတာလည်း မလွယ်ပါဘူး" လို့ အကယ်ဒမီ ဝတ်မှုံရွှေရည် က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ အိန္ဒြာကျော်ဇင်က ထုတ် လုပ်ပြီး ဒါရိုက်တာအဖြစ် လူမင်းနဲ့ ထွန်းအိန္ဒြာဗိုလ် ၊ အိန္ဒြာကျော်ဇင် ၊ ၀တ်မှုန်ရွှေရည် ၊ ပက်ထရစ်ရှာတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဧပြီလ ၅ ရက်နေ့က စတင်ကာ ရန်ကုန်မြို့ပေါ်က ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags