မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား တက်ရောက်ခွင့်ရ

မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား တက်ရောက်ခွင့်ရ

မြန်မာဘောလုံးအကယ်ဒမီမှ မင်းခန့်သူဟာ ရုရှနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဖလားဖွင့်ပွဲကို တက်ရောက်ခွင့်ရထားပါတယ်။ သူဟာ Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွှဲဦးမှာပါ။

Football for Friendship ပြိုင်ပွဲဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) တို့နဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်တဲ့ Gazprom ကဦးစီးပြီး ကျင်းပတာဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ် ကစားသမား (၆) ဦးစီနဲ့ ဖွဲ့စည်းထားတဲ့ အသင်းပေါင်း ၃၂ သင်းပါဝင်ပြီး မြန်မာကစားသမား မင်းခန့်သူဟာ Gharial အသင်းမှာ နောက်ခံကစားသမားအဖြစ် မော်ဒိုဗာ၊ ဆာမိုအာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူး နိုင်ငံများမှ ကစားသမားများနဲ့ အတူတကွ ပူးပေါင်းကစားရမှာဖြစ်ပါတယ်။

The Football for Friendship (F4F) အစီအစဉ်ကို၂၀၁၇ ခုနှစ်က ၆၄ နိုင်ငံနဲ့သာ ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ နိုင်ငံဒေသပေါင်း ၂၁၁ ခုနဲ့ ရုရှနိုင်ငံ၊မော်စကိုမြို့မှာ ဇွန်လ ၈ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မှာ ပထမဆုံးအကြိမ် ဖိတ်ကြားခံရတာဖြစ်ပြီး မြန်မာဘောလုံး အကယ်ဒမီများအနက် ကျောင်းစာအတော်ဆုံး ကစားသမားကို စိစစ်ရွေးချယ်စေလွှတ်တာလို့ သိရပါတယ်။

မင်းခန့်သူအနေနဲ့ F4F ဘောလုံးပွဲတော် ဆင်နွဲပြီးရင် ခြောက်ကြိမ်မြောက် နိုင်ငံတကာ ကလေးများဖိုရမ် The Sixth International Football for Friendship Children’s Forum ကိုလည်း တက်ရောက်ရဦးမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly