ချစ်လိုက်ရတာဆိုတဲ့ တေးသံရှင် ထူးထက်အောင်

ချစ်လိုက်ရတာဆိုတဲ့ တေးသံရှင် ထူးထက်အောင်

ရန်ကုန် ဧပြီ ၅ ။           ။ “ ချစ်လိုက်ရတာ” ဆိုတဲ့ တေးစီးရီးသစ်ကို တေးသံရှင် ထူးထက်အောင်က ဧပြီလ ၅ ရက်နေ့၊ မိတ်ဆက် ခဲ့ပါတယ်။

ဒီတေးစီးရီးဟာ တေးသံရှင်ထူးထက်အောင်ရဲ့ ဒုတိယမြောက် အနုပညာခြေလှမ်းလည်းဖြစ်ပြီး အချိန် ၁ နှစ်လောက်ယူပြီး ကြိုးစားထားတဲ့ ဒီတေးစီးရီးလေးထဲမှာ ကိုယ်တိုင်ရေးသားထားတဲ့ Pop ၊ R&B အမျိုးအစား သီချင်း ၈ ပုဒ် ပါဝင် တယ်လို့ သိရပါတယ်။

"ချစ်လိုက်ရတာဆိုတာက ချစ်တယ်လို့ပြောတာထက် ပိုတယ်၊ အတွင်းထဲက စာသားတစ်ချို့ဆိုရင် ကိုယ်က ချစ် တာပေါ့နော်၊ ငါက ချစ်တာပဲ၊ နင်ချစ်တာမလိုဘူး၊ အဲဒီလို ပုံစံမျိုးပေါ့" လို့ ထူးထက်အောင်က ပြောပါတယ်။

ဒီတေးသီချင်း DVD မှာ ချစ်လိုက်ရတာ၊ သူကြီးသမီးဇီးသီး၊ မမှတ်မိတော့ဘူးတဲ့၊ မင်းမှမချစ်နိုင်တာ၊ ချစ်တယ်ကောင်မ လေးရယ်၊ မငိုပြနဲ့၊ တစ်ယောက်တည်းကြောက်တယ်၊ နှုတ်ဆက်စာ စတဲ့ တေးသီချင်း တွေပါဝင်ပြီး ပရိသတ်တွေ နှစ်သက်မယ့် တေးသီချင်း တွေကို ကြိုးစားသီဆိုထားတယ်လို့ ပြောပါတယ်။

တေးသံရှင် ထူးထက်အောင်ဟာ “ နတ်ပြည်သို့အလည် တစ်ခေါက်” ဆိုတဲ့ တေးစီးရီးကို ပြီးခဲ့တဲ့ ၁ နှစ်က ပထမတစ်ကြိမ် ထွက်ရှိခဲ့ပါတယ်။

" ဒီဗီဒီဖြစ်တဲ့အတွက် သရုပ်ဆောင်တွေဆိုလို့ရှိရင် ကိုရဲလေးတို့၊ ကိုဇော်ဇော်အောင်၊ ချမ်းမေမြတ်နိုးတို့၊ ရွှေသမီးတို့ အများကြီးပဲ အနုပညာရှင်တွေပါမယ်၊ ရန်ကုန် မှာပဲ ရိုက်ထားတာ၊ ဒီတေးစီးရီးလေးက ကျွန်တော် အများကြီး ကြိုးစားထားတယ်ပေါ့နော်၊ ကျွန်တော်ကြိုးစား ထားတဲ့အရာလေးကို အသိအမှတ်လေးတစ်ခု ပြုပေးရင် ကို ကျွန်တော်ကျေနပ်ပါတယ်" လို့ ထူးထက်အောင်က ဆိုပါတယ်။

ဒီတေးစီးရီးကို လာမယ့် ဧပြီလ ၈ ရက်နေ့မှာ စတင် ဖြန့်ချိသွားမှာဖြစ်ပြီး တေးစီးရီးပရိုမိုးရှင်းပွဲကိုလည်း အဲဒီ နေ့မှာပဲ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပြု လုပ်သွားမယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly