တွန်းဇံမြို့၊ ဟားခါးလေးရွာမှ ရေမျောပါသူ ဒေသခံ နှစ်ဦး ပြန်တွေ့

တွန်းဇံမြို့၊ ဟားခါးလေးရွာမှ ရေမျောပါသူ ဒေသခံ နှစ်ဦး ပြန်တွေ့

ရန်ကုန် သြဂုတ် ၂၈ ။          ။ တွန်းဇံမြို့ ဟားခါးလေးရွာရေကြီးမှုတွင် ရေနှင့်အတူ မျောပါသွားသည့် ဒေသခံ နှစ်ဦးကိုအသက်ဆုံးရှုံးမှုမရှိပဲ ပြန်လည်တွေ့ရှိသည်ဟု ဖလမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးက သြဂုတ် ၂၈ရက် နေ့လည် ၃နာရီ ၂၅မိနစ် တွင်မဇ္ဈိမကို အတည်ပြုသည်။

"ရေမျောသွားတဲ့  နှစ်ဦးကိုပြန်တွေ့ပါပြီ။ သူတို့အသက်မသေပါဘူး။ နာမည်တွေ၊ အခြေအနေကိုတော့ စုံစမ်းတုန်း ပါပဲ။ ရေမြုပ်တဲ့အိမ်ကလူတွေကိုတော့ ဟားခါးလေးဘုန်းကြီးကျောင်းမှာ ကယ်ထား ပါတယ်" ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၂၈ရက် နံနက် ၂နာရီခန့်တွင် ဟားခါးလေးကျေးရွာဘေးဖြတ်သန်းစီးဆင်းသည့် နတ်မြောင်းချောင်း ရေကြီးကာ ကျေးရွာအတွင်းရေမြုပ်ပြီး လက်ရှိတွင်  နွံ့များ တင်ကျန် လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly