ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်

ဧပြီ ၅ ။          ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများဆီသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုဝန်ကြီး၏ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသည်။

ဒေါက်တာ ဝင်းမြတ်အေး သွားရောက်မည့် ဒုက္ခသည်ကမ့်စခန်းများမှ လူနေထူထဲကျပ်တည်းလွန်းလှပြီး စုစုပေါင်းအားဖြင့် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ တစ်သန်းနီးပါး ရှိနေသည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

" သူရဲ့ ပရိုဂရမ်နဲ့ပတ်သက်လို့ ခုထိတော့ မသတ်မှတ်ရသေးပါဘူး" ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် Tareque Muhammad က ပြောသည်။

ဒေါက်တာ ဝင်းမြတ်အေး၏ အဆိုပါ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာ လာမည့် ဧပြီ ၁၁ ရက် သို့မဟုတ် ၁၂ ရက်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်မှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကတည်းက ဆယ်စုနှစ် တစ်စုကျော်ကြာ ဘင်္ဂါလီ ဒုက္ခသည်များကို နေရာချထားပေးသည့် ကမ့်စခန်းများသို့ မြန်မာဝန်ကြီးတစ်ဦး သွားရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်လာရန် ရှိနေကြောင်း အခြားသော ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားတွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးရောက်ရှိလာသည်ဟု ဆိုသော ဘင်္ဂါလီ ၅ သိန်းဝန်းကျင်ခန့် နေထိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly