စိတ်ဆရာဝန်နှင့် ပြသင့်သည်ဟု ပြောထားသူ ကုလလူ့အခွင့်အရေးမင်းကြီးကို ခေါင်းကြီးပြီး ဘာမှရှိမနေသူဟု ဒူတာတေး ပြန်ထိုးနှက်

စိတ်ဆရာဝန်နှင့် ပြသင့်သည်ဟု ပြောထားသူ ကုလလူ့အခွင့်အရေးမင်းကြီးကို ခေါင်းကြီးပြီး ဘာမှရှိမနေသူဟု ဒူတာတေး ပြန်ထိုးနှက်

 

မနီလာ၊ ဧပြီ ၄ ။                 ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စိတ်ရောဂါဆရာဝန်နှင့် ပြရန် လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအား ဒူတာတေးက ပြောခံထားရပြီး တစ်လအကြာတွင် ပြန်လည်ထိုးနှက်ပြောဆိုကြောင်း သမ္မတရုံး သတင်းပြန်ကြားရေးက ဧပြီ ၄ ရက်တွင် ပြောသည်။

မင်ဒိုရိုပြည်နယ် ဘွန်ဂါဘောင်းမြို့ တံတားဖွင့်ပွဲတွင် မိန့်ခွန်းပြောဆိုရာ ဒူတာတေးက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇက်ရက်အယ်လ်ဟူစိန်အား   ပြန်လည်ထိုးနှက်   ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကြည့်လိုက်ပါ။ သူဟာ ခေါင်းကြီးသာ ကြီးနေပြီး အထဲမှာ ဘာမှမရှိတဲ့သူပဲ။ သူ့ နားနောက်မှာ မှတ်သားဉာဏ်လည်း မရှိဘူး။ နတ္တိ ဘာမှ မရှိတဲ့သူ။”ဟု ဒူတာတေးက ပြောကြောင်း သမ္မတ ရုံးက ထုတ်ပြန်ပြီး ဟူစိန်ကို ပြောဆိုရာတွင် ခွေးမသားဟု ရည်ညွှန်းသုံးနှုန်းခဲ့ကြောင်းလည်း ဖြည့်စွက်ဖော်ပြသည်။

 ကုလသမဂ္ဂက ဒူတာတေး၏ မူးယစ်နှိမ်နင်းရေးစစ်ပွဲကို ဝေဖန်ချိန်နောက်ပိုင်း ၎င်းတို့နှစ်ဦးကြား ရန်လိုပြောဆိုမှုများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ ဒူတာတေး အာဏာရချိန်မှစကာ ဆင်နွှဲသော မူးယစ်စစ်ပွဲတွင် တရားလက်လွန်သတ်ဖြတ်မှုများကြောင့် ထောင်ပေါင်းများစွာ သေဆုံးရကြောင်း ကုလသမဂ္ဂက စွပ်စွဲထားသည်။

နိုဝင်ဘာအတွင်းကလည်း ဖိလစ်ပိုင်သို့ အလွတ်သဘောလာရောက်သည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကယ်လာမတ်အား ၎င်း၏ မူးယစ်စစ်ပွဲကို ဝေဖန်သဖြင့် ပါးရိုက်မည်ဟု သမ္မတ ဒူတာတေးက ပြောဆိုဖူးသည်။

မတ်လအတွင်းက ဇက်ရက်အယ်လ်ဟူစိန်သည် ဒူတာတေး၏ ပြောစကားနှင့် ပတ်သက်ပြီး လက်ခံစရာ မရှိဘဲ ၎င်းသည် စိတ်ဆရာဝန်နှင့် ပြရန် လိုနေပြီဟု ပြောထားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags