မန္တလေးယာဉ်လိုင်းများကို တစ်နှစ်တာယှဉ်ပြိုင်ဆုများချီးမြှင့်

မန္တလေးယာဉ်လိုင်းများကို တစ်နှစ်တာယှဉ်ပြိုင်ဆုများချီးမြှင့်

 

မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး)ကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်း ၄၀၀ ကျော်၏ တစ်နှစ်တာ လုပ်အားရှင်ပြိုင်ဆုအဖြစ် ကျပ်သိန်းပေါင်း (၅၃၀)ကျော် ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ဧပြီ ၄ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(အဝေးပြေး)၊ရွှေမန္တလေးခန်းမတွင်ပြုလုပ်သည်။

"ယာဉ်လိုင်းပေါင်း ၅၀၆ သင်းရှိတဲ့ထဲမှာ အမှန်တကယ်ပြေးဆွဲတဲ့ အသင်းက ၄၀၀ ကျော်ရှိပြီး ဒီနေ့ မှာတော့ ၃၃၈ သင်းကို ဆုငွေပေးတာဖြစ်ပါတယ်။ဒါကလည်းနှစ်စဉ် လုပ်ပေးတာပါ။အဲဒီထဲမှာ ထပ်ဆောင်းချီးမြှင့် ငွေလည်း ပါဝင်တယ်။အရင်နှစ်ကတော့ သိန်း၄၀၀ ကျော်ပေးခဲ့တာပါ"ဟု ၎င်းကော်မတီ ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောသည်။

မန္တလေးမြို့တွင် ယာဉ်ရပ်နားစခန်း ၅ သင်းရှိရာ ပြည်ကြီးမျက်ရှင်၊ချမ်းမြရွှေပြည်၊မဟာအောင်မြေ၊ ဒေါနဘွား၊ သီရိမန္တလာ ယာဉ်ရပ်နားစခန်းများဖြစ်သည်။ နေ့စဉ် ယာဉ်အစီးရေ ၆၀၀၀ ခန့် သယ်ယူပို့ဆောင်ပေးနေပြီး၊ယာဉ်ရပ်နားစခန်းများမှ ဆိုက်ရောက်ထွက်ခွာသည့် ယာဉ်များကို မိုင် ၅၀အောက် ၊မိုင် ၁၀၀အောက်၊မိုင် ၁၀၀အထက် ဟူ၍ ခွဲခြားပြီး ဆုရွေးချယ်ပေးသည်ဟု ဦးအောင်ကျော်လင်းကဆိုသည်။

ယာဉ်အသင်းများမှ ခရီးသည်ယာဉ်များ ယာဉ်ရပ်နားစခန်းများမှ ထွက်ခွာ/ဆိုက်ရောက်သည့် အခါ ယာဉ်အမျိုး အစားအလိုက် ယာဉ်စည်းကြပ်ခကောက်ခံခဲ့ပြီး ယင်းကောက်ခံရရှိငွေများကို ကော်မတီမှ စုဆောင်း၍ အသင်းများသို့ နှစ်စဉ် လုပ်အားယှဉ်ပြိုင်ဆုအဖြစ် ပြန်လည်ချီးမြှင့်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly