NLD ၏ ရွေးကောက်ပွဲအတွက် ပြောရေးဆိုခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါ၀င်

NLD ၏ ရွေးကောက်ပွဲအတွက် ပြောရေးဆိုခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါ၀င်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ၏  ရွေးကောက်ပွဲကာလအတွက် ပြောရေးဆိုခွင့်ရှိသူများကို ကဏ္ဍ အလိုက် ထုတ်ပြန်ခဲ့ရာ  အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို NLD က သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလသည် မဲဆွယ်စည်းရုံးရေးနှင့် အောင်နိုင်ရေးကာလ ဖြစ်သောကြောင့် ပြောရေးဆိုခွင့် ရှိသူများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကြေညာစာတမ်း ၊ နိုင်ငံရေး မူဝါဒ သဘောထားများနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့် ရှိသူမှာ နာယက ဦးတင်ဦးနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဆက်သွယ်ခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း ၊ လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းဖြစ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး၊ စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍မှု  ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်သည် ပြောရေးဆိုခွင့် ရှိသည်ဟု ဖော်ပြထားသည်။

NLD  ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ ပြောရေးဆိုခွင့် ပြုသူမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့် ဖြစ်သည်။

ယင်းအပြင် ရွေးကောက်ပွဲ သတင်းများ ဖြန့်ချီရေးနှင့် ပတ်သက်၍မှု ဒီလှိုင်း အမှုဆောင် အရာရှိချုပ် ဦးသိန်းဦးသည် ပြောရေးဆိုခွင့်ရှိသည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags