ဂျူဗင်တပ်နှင့်ပွဲမတိုင်မီ စီရော်နယ်ဒို နောက်ပြန်ဂိုးကန်သွင်းမှုလေ့ကျင့်ခဲ့

ဂျူဗင်တပ်နှင့်ပွဲမတိုင်မီ စီရော်နယ်ဒို နောက်ပြန်ဂိုးကန်သွင်းမှုလေ့ကျင့်ခဲ့

 

ဧပြီ ၄၊ တူရင်။                     ။ စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းက ဂျူဗင်တပ်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရသည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်မီ   နောက်ပြန်ကန်သွင်းမှုကို လေ့ကျင့်နေသည့်ဓါတ်ပုံပေါ်ထွက်လာခဲ့သည်။

အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးသည် ပွဲချိန် ၆၄ မိနစ်တွင် အမှတ်တရဖြစ်နေစေမည့် ချန်ပီယံလိဂ်သွင်းဂိုးတစ်ဂိုးကို လှလှပပ နောက်ပြန်ကန်သွင်းပြီး ရယူနိုင်ခဲ့သည်။

တနင်္လာနေ့က ဂျူဗင်တပ်ကွင်းတွင်ပြုလုပ်သော ရီးယဲလ်မက်ဒရစ်အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် စီရော်နယ်ဒိုသည် နောက်ပြန်ကန်သွင်းမှုကို လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒို၏သွင်းဂိုးကို နှစ်သင်းစလုံးမှ ပရိသတ်များက လက်ခုပ်တီးအားပေးခဲ့ကြပြီး ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းပင် လက်ဖျားခါခဲ့ရသည်။

ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်ရယူနိုင်သည့် ပထမဆုံးအသင်းဖြစ်သော ရီးယဲလ်မက်ဒရစ်အသင်းသည် သုံးနှစ်ဆက်ရယူ နိုင်ရန် ရေပန်းစားနေပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရ စီရော်နယ်ဒိုကလည်း ခြေစွမ်းပြ ဂိုးများသွင်းယူနေခြင်း ဖြစ်သည်။

ဂျူဗင်တပ်ကိုအနိုင်ရသည့်ပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုးများကို ပွဲချိန် ၃ မိနစ်နှင့် ၆၄ မိနစ်တွင် စီရော်နယ်ဒိုနှင့် ပွဲချိန် ၇၂ မိနစ်တွင် မာဆယ်လိုက သွင်းယူခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly