ကမ္ဘာဂြိုဟ်ပေါ်မှာ လူ ရ ယောက်လျှင် တစ်ယောက်နှုန်းက ဖေ့စ်ဘုတ်သုံးနေကြပြီဟု ဇူကာဘာ့ ကြေညာ

ကမ္ဘာဂြိုဟ်ပေါ်မှာ လူ ရ ယောက်လျှင် တစ်ယောက်နှုန်းက ဖေ့စ်ဘုတ်သုံးနေကြပြီဟု ဇူကာဘာ့ ကြေညာ

ဆီလီကွန်တောင်ကြား၊ သြဂုတ် - ၂၈ ။            ။ လူမှုကွန်ရက်ဘီလူးကြီး ဖေ့စ်ဘုတ်မှာ သြဂုတ်လ ၂၄ရက်နေ့က သုံးစွဲသူ ၁ဘီလျံပြည့်သည့် သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ ပြီဖြစ်သော်လည်း မာ့ခ် ဇူကာဘာ့ကမူ ထိုအရေအတွက်မှာ တစ်ကမ္ဘာလုံးကို ဆက်သွယ်မှု၏ အစသာရှိသေးသည်ဟု ခံယူထားသည်။

စိတ်ကူးယဉ်ဆန်သည့် ရှောင်ပါကားက တစ်ရက်တစ်ရက် ဖေ့စ်ဘုတ်ကို လူပေါင်း တစ်သန်းက log in လုပ်နေတယ်ဆိုတာက လေးစားခန့်ညားစရာမဟုတ်သေးဘူး။ တကယ်တန်းလေးစားခန့်ညားစရာက တစ်ဘီ်လျဆိုတဲ့ သုံးစွဲသူ ပမာဏပဲဟု ရေးကောင်းရေးမည်ဖြစ်သော်လည်း စိတ်ကူးယဉ်မဆန်သည့် မာ့ခ်ဇူကာဘာ့ကမူ လူမှုကွန်ရက်ကြီး ဖေ့စ်ဘုတ်အတွက် နေ့စဉ်သုံးစွဲသူ တစ်ဘီလျံဟူသော သမိုင်း မှတ်တိုင်သစ်ကို စိုက်ထူခဲ့ပြီဟု ကြေညာခဲ့သည်။

‘ပထမဆုံးအကြိမ်အဖြစ် တစ်ရက်တည်းမှာ တစ်ဘီလျံသော လူထုတွေက ဖေ့စ်ဘုတ်ကို သုံးလာခဲ့ကြပါပြီ။ သြဂုတ်လ ၂၄ရက်နေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူ၇ယေက်အနက် တစ်ယောက်နှုန်းဟာ သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် ဖေ့စ်ဘုတ်ကို အသုံးပြုလာခဲ့ကြပါပြီ’ဟု ဇူကာဘာ့က သူ၏ ကိုယ်ရေးကိုယ်တာ ပရိုဖိုင်းတွင် လွှင့်တင်လာသည့် ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ကျနော်တို့ဟာ ကျနော်တို့ရဲ့ စီးပွားရေးအကြောင်း ပြောကြတဲ့အခါ ပျမ်းမျှအရေအတွက်တွေကို သုံးလေ့ရှိကြတယ်။ ဒါပေမယ့် ဒါက လုံးဝခြားနားပါတယ်။ ဒီမှတ်တိုင်ကို ကျနော်တို့ရောက်ရှိလာတာ ဒါဟာ ပထမဆုံးအကြိမ်ပါ။ ဒါဟာ တစ်ကမ္ဘာလုံးကို ဆက်သွယ်ဖို့ အစပဲရှိပါသေးတယ်’’ဟု ဇူကာဘာ့က ပြောကြားခဲ့သည်။

ဤသတင်းမှာ အကြီးအကျယ် အံ့အားသင့်စရာတော့မဟုတ်ပါ။ ဖေ့စ်ဘုတ်မှာ မှန်မှန်ကြီးထွားလာနေလျှက်ရှိရာ ၂၀၁၅ခုနှစ်၏ ဒုတိယသုံးလပတ်ကာလတွင်ပင် နေ့စဉ် တက်ကြွစွာ သုံးစွဲသူအရေအတွက် မှာပျမ်းမျှ ၉၆၈သန်းရှိနေခဲ့ပြီး လစဉ်ဆိုလျှင် ၁.၄၉ဘီလျံအထိ ရှိလာခဲ့သည်။

ထိုကာလအတွင်းက မိုဘိုင်းဖုန်းဖြင့် နေ့စဉ်ဖေ့စ်ဘုတ်သုံးစွဲသူ ၈၄၄သန်း အရေအတွက်ကို ထောက်ချင့်၍ ဖေ့စ်ဘုတ်မှာ မဝေးလှသည့် အနာဂတ်တွင် တစ်ရက်တည်းတွင် စမတ်ဖုန်း၊ တက်ပလက် များဖြင့်ဖေ့စ်ဘုတ်သို့ log in လုပ်လာသူ ၁ဘီလျံအရေအတွက်ကို ရောက်ရှိတော့မည်ဟု ခန့်မှန်းထားခဲ့ကြသည်။

‘ပိုမိုပွင့်လင်းဆက်သွယ်ထားတဲ့ကမ္ဘာဟာ ပိုကောင်းတဲ့ကမ္ဘာပါ။ ကိုယ်ချစ်တဲ့သူတွေနဲ့ ပိုပြီးတော့ သံယောဇဉ်နှောင်တည်း၊ ပိုမိုတဲ့ အခွင့်အလမ်းတွေနဲ့ ပိုမိုခိုင်မာတဲ့ စီးပွားရေးကို ထူထောင်၊ ကျနော်တို့ရဲ့ စိတ်ကူးစံတန်ဖိုးတွေကို ထင်ဟပ်တဲ့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်တော့မှာပါ’’ဟု ဇူကာဘာ့က ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly