တရားမဝင် ဆေးကုသနေမှုများကို အရေးယူပေးရေးအဆို မန္တလေး လွှတ်တော်တွင် ရှုံးနိမ့်

တရားမဝင် ဆေးကုသနေမှုများကို အရေးယူပေးရေးအဆို မန္တလေး လွှတ်တော်တွင် ရှုံးနိမ့်

မတ် ၃ ။            ။ အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာညီမင်းဟန် တင်သွင်းသည့် မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင် ဆေးကုသမှုလိုင်စင်မရှိဘဲ ဆေးဝါးကုသခြင်း လုပ်ငန်း လုပ်ကိုင်နေကြသူများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသဖြင့် တစ်နေ့တစ်ခြား ပိုမိုများပြားလာသော ဥပဒေမဲ့ ဆေးကုသမှုများအား စစ်ဆေးကြပ်မတ် အရေးယူပေးရန် တိုက်တွန်းကြောင်းအဆိုကို ဧပြီ ၂ ရက်က လွှတ်တော်သို့တင်ခဲ့ရာ ယနေ့ ကျင်းပသည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုရှုံးနိမ့်သွားခဲ့သည်။ ထောက်ခံဆန္ဒမဲ ၂၆ မဲ၊ကန့်ကွက် ဆန္ဒမဲ ၂၇ မဲ၊ကြားနေ ၈ မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၎င်းအဆိုကို ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်၊ အောင်မြေသာစံမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

အဆိုရှင် ဒေါက်တာညီမင်းဟန်က "ကျွန်တော့်အနေနဲ့ ပြည်သူလူထု တကယ်နစ်နာနေလို့ ဒီအဆိုကို တင်ခဲ့တာပါ။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ဒီအဆိုကို ပြည်သူတွေနစ်နာနေတယ်လို့ မခံယူလို့ပဲ"ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် ဆေးကုသနေမှုများကို အရေးယူမှုအားနည်းနေခြင်းကြောင့် အတင့်ရဲလုပ်ကိုင်နေမှုများ ပိုမိုများပြားလာနေပြီး ပြည်သူများစွာ နစ်နာလျှက်ရှိသည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ဆိုသည်။

ယင်းအဆိုကို ကန့်ကွက်ရခြင်းအကြောင်းနှင့်ပတ်သက်ပြီး  လွှတ်တော်ကိုယ်စားလှယ်အချို့ကို မဇ္ဈိမက မေးမြန်းခဲ့သော်လည်း ၎င်းတို့က ပြန်လည်ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly