တောင်ငူတွင် ပျက်ကျခဲ့သည့် F-7 လေယာဉ်မှူးကွယ်လွန်

တောင်ငူတွင် ပျက်ကျခဲ့သည့် F-7 လေယာဉ်မှူးကွယ်လွန်
ဓာတ်ပုံ-Tharr Gyi fb

ရန်ကုန်၊ ဧပြီ ၃ ။          ။ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စုထဲတွင် တပ်မတော်ပိုင် လေ့ကျင့်ရေးလေယာဉ်တစ်စီးပျက်ခဲ့မှုတွင် လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွား ခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ် - ၇ လေယာဉ်တစ်စီးသည် ယနေ့ (ဧပြီ ၃ ရက်) နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့် အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လေယာဉ်ပျက်ကျရာနေရာသို့ တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွား ခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

၂၀၁၇ ဇွန်လတွင် မြိတ်မြို့မှ ရန်ကုန်ကို ပျံသန်းလာသည့် Y-8 အမျိုးအစား တပ်မတော် ပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးပြီး အဆိုပါပျက်ကျမှုတွင်တော့ အသေအပျောက်များခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly