လေးနိုင်ငံဖိတ်ခေါ်ပွဲအတွက် ထိုင်းနှင့် အင်ဒိုနီးရှားကို ဖိတ်ကြားထား

လေးနိုင်ငံဖိတ်ခေါ်ပွဲအတွက် ထိုင်းနှင့် အင်ဒိုနီးရှားကို ဖိတ်ကြားထား
Photo; MFF

 

မြန်မာယူ ၂၃ အသင်းဟာ အာရှအားကစားပွဲတော်ကြိုပြင်ဆင်မှုအဖြစ် လေးနိုင်ငံဖိတ်ခေါ်ပွဲပြုလုပ်ဖို့ ရှိနေပြီး ထိုင်းနဲ့ အင်ဒိုနီးရှားကို တရားဝင်ဖိတ်ကြားထားပါတယ်။

ပြိုင်ပွဲကျင်းပဖို့ရက်ကို သြဂုတ် ၁ ရက်ကနေ ၅ ရက်နေ့အတွင်းလျာထားပြီး ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကို ဖိတ်ထားတာ အဆင်မပြေရင် တခြားနိုင်ငံတွေကို ဆက်လက်ဖိတ်ကြားမယ်လို့ ဘောလုံးအဖွဲ့ချုပ်မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။

အဓိကကတော့ မြန်မာယူ ၂၃ အသင်းအနေနဲ့ အာရှအားကစားပွဲတော်မှာ ခြေစွမ်းကောင်းရဖို့အတွက် ပြင်ဆင်နေတာပါ။ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွေကို အနီးစပ်ဆုံး ၂၀၁၆ နဲ့ ၂၀၁၇ မှာလည်း ကျင်းပထားပါတယ်။

၂၀၁၆ ခုနှစ်မှာ မြန်မာလက်ရွေးစင်အသင်းအတွက် ဆူဇူကီးဖလားပွဲကြိုပြင်ဆင်မှုအဖြစ် ဗီယက်နမ်၊ စင်ကာပူ၊ ဟောင်ကောင်တို့ ပါဝင်တဲ့ AYA BANK CUP ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ မြန်မာယူ ၂၂ အသင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲကြိုပြင်ဆင်မှုအဖြစ် ဟောင်ကောင်၊ ကမ္ဘောဒီးယား ယူ ၂၂ အသင်းတွေနဲ့ ဂျပန်တက္ကသိုလ်အသင်းတို့ပါဝင်တဲ့ KBZ BANK CUP ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly