မဲခိုးသည် စွပ်စွဲချက်ကြောင့် ၂၀၁၆ ဖိလစ်ပိုင်ဒုတိယသမ္မတ ရွေးကောက်ပွဲ ပြန်လည်မဲရေ

မဲခိုးသည် စွပ်စွဲချက်ကြောင့် ၂၀၁၆ ဖိလစ်ပိုင်ဒုတိယသမ္မတ ရွေးကောက်ပွဲ ပြန်လည်မဲရေ

 

မနီလာ၊ ဧပြီ ၂ ။                  ။ ဖိလစ်ပိုင်နိုင်ငံတွင် လွှတ်တော်အမတ် ဖာဒင်နန်ဘွန်ဘွန်းမားကို့စ်က လက်ရှိ ဒုတိယသမ္မတ မာရီယာလီယိုနောလီနီရိုဘရီဒိုသည် ၎င်း၏ အနိုင်ရမှုကို လိမ်လည်ခိုးယူခဲ့သည် စွပ်စွဲလာသဖြင့် ၂၀၁၆ ဒုတိယသမ္မတ ရွေးကောက်ပွဲအား ပြန်လည်မဲရေတွက်မှုကို ဧပြီ ၂ ရက်တွင် စတင်သည်။

မနီလာရှိ အယူခံတရားရုံးချုပ် ရုံးများတွင် ရုံးများတွင် လုံခြုံရေးတင်းကြပ်စွာ ချထားပြီး ပြည်နယ်သုံးပြည်နယ်က မဲရလဒ်များကို စတင်ပြန်လည်ရေတွက်နေပြီဖြစ်ကာ လာမည့် ဧပြီ ၆ ရက်အထိ မဲရေတွက်မှုအား လုပ်ဆောင်သွားမည်ဖြစ်သည်။

အမျိုးသမီးတစ်ဦးဖြစ်သည့် ဒုတိယသမ္မတ ရိုဘရီဒိုသည် ၂၀၁၆ မေလ ရွေးကောက်ပွဲတွင် မားကို့စ်ထက် ထောက်ခံမဲ ၂၆၃၄၇၃ အသာဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မားကို့စ်က အီလက်ထရောနစ်မဲပေးမှုမှ အချက်အလက်ကို တစ်ဦးဦးက ကုဒ်တစ်ခု ရိုက်ထည့်ကာ ဆာဗာအတွင်း ဝင်ရောက်ပြီး ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း စွပ်စွဲပြောဆိုသည်။

အီလက်ထရောနစ် မဲပေးစနစ်အတွင်းသို့ ကုဒ်တစ်ခု ဝင်ရောက်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း ကိုယ်စားလှယ်များ စာရင်းက သတ်ပုံအမှားများကို ပြင်ရန် လိုကြောင်း၊ ထိုသို့ ဝင်ရောက်ရာတွင် နောက်ဆုံးအောင်မြင်မှု ရသွားခြင်း မရှိကြောင်း အီလက်ထရောနစ်မဲပေးစနစ်ကို လုပ်ဆောင်ခဲ့သည့် Smartmatic ကုမ္ပဏီက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံက ရွေးကောက်ပွဲ မဲပေးမှုစနစ်ပုံစံသည် ခြောက်နှစ်တစ်ကြိမ် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် ရွေးကောက်ပွဲကျင်းပကာ ရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။

ရိုဘရီဒိုသည် လက်ရှိသမ္မတ ဒူတာတေးအား ဝေဖန်သူတစ်ဦးဖြစ်ပြီး နိုင်ငံ၏ ဒုတိယသမ္မတ ဖြစ်လင့်ကစား အစိုးရအဖွဲ့နှင့် ကင်းကင်းကွာကွာ နေထိုင်ရပ်တည်သူတစ်ဦး ဖြစ်သည်။

မားကို့စ်မှာ မူးယစ်စစ်ပွဲကြောင့် အငြင်းပွားဖွယ် ရှိနေသော သမ္မတဒူတာတေးအား ထောက်ခံသူတစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly