ဒရက်ဆလာ ကိုပြောင်းရွှေ့ကြေး တိုးမြှင့်ပြီး ဂျူဗင်တပ် ကမ်းလှမ်း

ဒရက်ဆလာ ကိုပြောင်းရွှေ့ကြေး တိုးမြှင့်ပြီး ဂျူဗင်တပ် ကမ်းလှမ်း

သြဂုတ် ၂၈၊ တူရင် ။       ။ ဂျူဗင်တပ်အသင်း သည်ရှော်လ်ကေးကွင်းလယ် ကစားသမား ဒရက်ဆလာ ကိုပြောင်းရွှေ့ကြေးတိုးမြှင့်ပြီး ကနဦး ယူရို ၂၃ သန်း၊ အပို ထပ်ဆောင်းပေးမည့်ငွေ ယူရို ၆ သန်းဖြင့် ကမ်းလှမ်းရန် ရှိနေသည်။

ဂျူဗင်တပ်အသင်းသည် ရှော်လ်ကေးအသင်းနှင့် စာချုပ်သက်တမ်းသုံးနှစ်ကျန်နေသေးသော ဒရက်ဆလာကို ယူရိုသန်း ၂၀ ဖြင့်ကမ်းလှမ်းခဲ့ သေးသည်။

သို့သော်လည်း ရှော်လ်ကေးအသင်းက ပယ်ချခဲ့ရာ ဂျူဗင်တပ်အသင်းက ထပ်မံကြိုးစားမည့်ကိစ္စနှင့်ပတ်သက်၍ အထွေထွေဒါရိုက်တာ မာရော့တာက "ဒရက်ဆလာကိုကမ်းလှမ်းတာမှာ ပယ်ချခံခဲ့ရပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးတွေနောက်မှာ ကစားနိုင်မယ့်သူကို ရဖို့ကြိုးစား နေတုန်းပါပဲ"ဟု ပြောသည်။

ဂျူဗင်တပ်တို့အနေဖြင့် ဂျာမနီလက်ရွေးစင်ကစားသမား ဒရက်ဆလာနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်ရာ အပြောင်းအရွှေ့ပိတ်မည့်သြဂုတ် ၃၁ မတိုင်မီ စာချုပ်နိုင်ရန် မျှော်လင့်ထားသည်။

ဂျူဗင်တပ်အသင်းမှာ နွေရာသီအပြောင်းအရွှေ့အတွင်းအသင်းမှထွက်ခွာသွားသော တိဗက်ဇ်၊ ဗီဒယ်၊ ပီယာလိုတို့နေရာတွင် မန်ဇူကစ်၊ ဒိုင်ဘာလာ၊ ခီဒီယာတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီးဖြစ်သည်။

သို့သော်လည်းနည်းပြအယ်လီဂရီက တိုက်စစ်မှူးများနောက်တွင်ကစားနိုင်သော ကွင်းလယ်သမားကိုလိုချင်နေပြီး ဒရက်ဆလာမှာ နံပါတ်တစ် ပစ်မှတ်ကစားသမားဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထား သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly