ဒေါ်နယ်ထရမ့်ကို လက်တုန့်ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန်သွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်

ဒေါ်နယ်ထရမ့်ကို လက်တုန့်ပြန်သည့်အနေဖြင့် တရုတ်က အမေရိကန်သွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်

 

ဧပြီ ၂ ။                 ။ သမ္မတဒေါ်နယ်ထရမ့်အား ပြန်လည်တုန့်ပြန်မှုအဖြစ် တရုတ်က အမေရိကန်သွင်းကုန်များအပေါ် အခွန်အကောက်သစ်များ ပြန်လည်တိုးမြင့်ချမှတ်လိုက်ကြောင်း သိရသည်။ အမေရိကန်သွင်းကုန်များအပေါ် တရုတ်တို့ ယခု ချမှတ်လိုက်သည့်အခွန်အကောက်တန်ဖိုးသည် ကန်ဒေါ်လာ ၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။

အသီးအနှံများနှင့် ဝက်သားအပါအဝင် အမေရိကန်သွင်းကုန်ပစ္စည်းအမယ်ပေါင်း ၁၂၈ မျိုးအပေါ် အခွန်အကောက်သစ်များ သတ်မှတ်ချမှတ်လိုက်ပြီဖြစ်ကြောင်း တရုတ်တို့က ဧပြီ ၂ ရက်တွင် ကြေညာသည်။

အဆိုပါအခွန်သစ်ကောက်ခံမှုမှာ တရုတ်တို့ တင်ပို့သော သံမဏိနှင့် အလူမီနီယံအပေါ် အမေရိကန်ဘက်က သွင်းကုန်ခွန်များ ချမှတ်ထားခဲ့မှုအပေါ် ပြန်လည် လက်တုန့်ပြန်သည့်အနေဖြင့်  လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပေကျင်းအစိုးရက ဆိုသည်။

ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများ မြင့်တက်နေခဲ့စဉ်မှာပင် ယခုကဲ့သို့ တရုတ်၏ အခွန်စည်းကြပ်မှုအသစ်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်နေသည်ဟု ယူဆရသည့် အလူမီနီယံနှင့် သံမဏိ သွင်းကုန်များအပေါ် အခွန်များ ပြဌာန်းရခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ပြောထားသည်။  

အလားတူ တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရာတွင် ကုန်သွယ်ပိုလျှံငွေပမာဏ မတန်မဆများပြားနေမှုအပေါ် လျှော့ချသွားရန် ထရမ့်ဘက်က ကြိုးပမ်းနေလျက်ရှိသည်။

သို့သော် အမေရိကန်၏ ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းထိ ချမှတ်သွားမည်ဖြစ်ကြောင်း တရုတ်တို့က ယခင်လကတည်းက သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags