နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ရန် Yangon Investment Forum 2018 ပြုလုပ်မည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ရန် Yangon Investment Forum 2018 ပြုလုပ်မည်

 

ဧပြီ ၂ ။               ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ရန် Yangon Investment Forum 2018 ကို လာမည့် မေလ ၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ဖို့အတွက် Yangon Investment Forum 2018 ကို ကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါကလည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော် ကြီးကနေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီး ဥပဒေအရ ဖြေလျှော့လိုက်မှုတွေ ရှိတဲ့အတွက် တိုင်းဒေသကြီး တွေမှာ ရင်းနှီးမြှုပ်နှံမှုပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် စွမ်းဆောင်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ် " ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

ဧပြီလ ၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

" ဒီရင်းနှီးမြှုပ်နှံမှုဖိုရပ်မှာ အဓိကအချက် ၂ ချက်ကို ဖော်ပြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံ မယ်ဆိုရင် အခွန်နဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေဘက်က ကုမ္ပဏီထောင်မယ်။ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊လုပ်ထုံး လုပ်နည်းတွေအတွက် လွယ်လွယ်ကူကူဖြစ်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးမယ့်အခြေအနေတစ်ခုဖြစ်သလို လာရောက်ရင်းနှီးမြှုပ်နှံသူတွေ လွယ်လွယ်ကူကူသိရှိနိုင်ဖို့အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုပါက မည့်သည့်လုပ်ငန်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အသိပေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly