ရုပ်ရှင်ကားကြီး ၂ ကား ဆက်လက် ရေးသားထုတ်လုပ်ဦးမယ့် ဒေါက်တာ ခင်မောင်ဝင်း

ရုပ်ရှင်ကားကြီး ၂ ကား ဆက်လက် ရေးသားထုတ်လုပ်ဦးမယ့် ဒေါက်တာ ခင်မောင်ဝင်း

 

ရန်ကုန် ဧပြီ ၂ ။               ။ ထာဝရအမေရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ် အား ပေးလက်ခံခဲ့ကြတဲ့အတွက် လာမယ့် ၃ နှစ်အတွင်းမှာ ရုပ်ရှင်ကားကြီး ၂ ကားအပါအဝင် အခြား ရုပ်ရှင်ကား ကြီးတွေ ဆက်လက်ရေးသား ထုတ်လုပ်သွားဦးမယ်လို့ ဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။

၃ နှစ်အတွင်းမှာ ထာဝရအဖေကို ဆက်လက်ရိုက်ကူးမှာ ဖြစ်သလို သူ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ပုံဖော် ထားတဲ့ ကျွန်တော်နဲ့ကျွန်တော်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို လည်း ဆက်လက်ရိုက်ကူးသွားမယ်လို့ ဒေါက်တာ ခင်မောင်ဝင်းက မဇ္ဈိမကို ပြောပါတယ်။

"ပထမဆုံးစရိုက်မယ့်ကားကတော့ ဆရာရဲ့အဖေနဲ့ ကျွန်တော်ပေါ့နော်၊ အဖေနဲ့ကျွန်တော်ကို ရေးမယ်၊ အဲဒါကို ထာဝရအဖေဆိုပြီးရိုက်မယ်၊ အဖေရဲ့ဇာတ်လမ်း၊ သီတဂူ ဆရာတော်ကြီးက လေယာဉ်ပျံပေါ်တွေ့တော့ မင်းက အမေအကြောင်းပဲရေးနေတာ၊ အဖေ့အကြောင်းလည်း ရေးဦးမှာပေါ့တဲ့၊ အဲဒါကြောင့် အဖေ့အကြောင်းလည်း ရေးမယ်" လို့ ဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ထာဝရအဖေကို ဆက်လက်ရိုက်ကူးပြီးတဲ့ နောက် ကျွန်တော်နဲ့ကျွန်တော်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကိုလည်း ဆက်လက် ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

" ကျွန်တော်နဲ့ကျွန်တော်ကတော့ ကိုယ့်ဘဝဇာတ် ကြောင်းပေါ့နော်၊ ဒီအဆင့်ရောက်အောင် ဘယ်လိုကြိုးစားခဲ့ ရသလဲဆိုတာ လူငယ်တွေကို မက်ဆေ့ပေးချင်တာပေါ့၊ အိပ်နေရင် အိပ်နေသလောက်ပဲ ကြီးပွားမယ်၊ မအိပ်ဘဲ ကြိုး စားမှ ကြီးပွားမယ်၊ ကိုယ်က သုညက စခဲ့တဲ့လူလေ" လို့ ဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။

ဒေါက်တာခင်မောင်ဝင်းဟာ ထာဝရအမေရုပ်ရှင်ဇာတ်ကားကြီးကို ရေးသားထုတ်လုပ်ခဲ့သူဖြစ်ပြီး ဒီဇာတ်ကား ဟာ ၂၀၁၇ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် စင်ရော်မောင်မောင်၊ အကောင်းဆုံး ရှပ်ရှင်တည်းဖြတ်ဆုအဖြစ် အိုဝင်နဲ့ အကောင်းဆုံး ရှပ်ရှင်အသံဆု အဖြစ် သိန်းအောင် စသဖြင့် အကယ်ဒမီ ၃ ဆု အသီးသီး ဆွတ်ခူးရရှိခဲ့ကြတာ ဖြစ် ပါတယ်။

"ဇာတ်ကားအခန့်ကြီးတွေ ရိုက်ချင်တဲ့စိတ်ပေါ်လာတယ်၊ ဇာတ်ကားအခန့်ကြီးရိုက်ပြီး ဒါလည်း အောင်မြင်မှုရှိ တယ်ဆိုတော့ အောင်မြင်မှုရှိတယ်၊ အထိုက်အသင့် ပြည် သူလူထုကလည်းလက်ခံတယ်၊ တော်တော်ကြီးကို လက် ခံတယ်ဆိုတော့ ဆရာရိုက်ရဦးမှာပေါ့၊ငွေကြေးအတွက် မဟုတ်ပါဘူး" လို့ ဒေါက်တာခင်မောင်ဝင်းက ပြောပါ တယ်။

နောက်ထပ်ရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အကယ်ဒမီ စင်ရော်မောင်မောင်အပါအဝင် ထာဝရ အမေ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေနဲ့ ဆက်လက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly