မြန်မာ့မီဒီယာအခင်းအကျင်းခေါင်းစဉ်ဖြင့် “ Parami Talk Series ” ပြုလုပ်

မြန်မာ့မီဒီယာအခင်းအကျင်းခေါင်းစဉ်ဖြင့် “ Parami Talk Series ” ပြုလုပ်

 

ရန်ကုန်၊ ဧပြီ ၂ ။               ။ မြန်မာ့မီဒီယာအခင်းအကျင်းခေါင်းစဉ်ဖြင့် Parami Institute of Liberal Arts and Sciences မှ ကြီးမှူး ကျင်းပသည့် “Parami Talk Series” ၏ အပိုင်းအသစ်ကို ဧပြီ ၁ ရက်နေ့ညပိုင်းက ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ရွှေဂုံပလာဇာတွင် ပြုလုပ်ခဲ့သည့် Parami Institute “Parami Talk Series” ၏ အပိုင်းအသစ်တွင် Mango Media ၏ General Manager ဖြစ်သူ Ms. Maria Abril မှ မြန်မာ့မီဒီယာအခင်းအကျင်းနှင့် ပက်သက်ပြီး ဦးဆောင်ဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

Parami Institute အနေဖြင့် ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများ ဗဟုသုတကြွယ်ဝစေရန်နှင့် ပညာရေးအခွင့်အလမ်းတိုးစေရန် ရည်ရွယ်၍ Talk Series များကိုလစဉ် ကျင်းပ လေ့ရှိကြောင်းလည်း သိရသည်။

" အဓိကတော့ ကျွန်တော်တို့ အဖွဲ့အစည်းကိုထောက်ပံ့ပေးနေတဲ့ Mango Media ကနေပြီး အထွေထွေ မန်နေဂျာပေါ့ ။ သူကို အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ မီဒီယာအခင်းအကျင်းနဲ့ပက်သက်ပြီး ဘယ်လိုအသွင်တွေ ပြောင်းနေသလဲ မြန်မာနိုင်ငံမှာ အခုဆိုရင် ဆိုရှယ်မီဒီယာကလည်း အရမ်းနာမည်ကြီး နေတယ်ပေါ့နော် ။ အဲ့ဒီ့အပြင်ကို သတင်းတွေကလည်းအရမ်းကိုပေါက်ကွဲထွက်နေတဲ့အချိန် မှာ ဒီ မီဒီယာ အခင်းအကျင်းက ဘယ်လိုမျိုးပြောင်း လဲသွား တာလေးတွေရှိလဲပေါ့နော် ။ အဲဒါလေးတွေကို ပြည်သူလူထုကို သိစေချင်လို့ ကျောင်းသားကျောင်း သူတွေကိုသိ စေချင်လို့ လုပ်ပေးတာဖြစ်ပါတယ် "  ဟု Parami Institute ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဦးကျော်မိုးထွန်းက ပြောသည်။

“Parami Talk Series” တွင် Mango Media ၏ General Manager ဖြစ်သူ Maria Abril မှ မြန်မာနိုင်ငံတွင် မီဒီယာအသုံးပြုပုံအဆင့်ဆင့် ပြောင်းလဲလာပုံများကိုလည်းဆွေးနွေးခဲ့သည်။

တီဗွီ၊ ရေဒီယို၊ သတင်းစာ/ ဂျာနယ်နှင့် ဖွံဖြိုးလာသည့် ဆိုရှယ်မီဒီယာများအပြင် အစိုးရမှ အသစ်ထပ်မံချပေးခဲ့ သည့် ချန်နယ်အသစ် ၅ ခုနှင့်ပက်သက်ပြီးလည်း ပြောဆိုဆွေးနွေးခဲ့သည်။

" အခုချိန်မှာတော့ ကွာလတီလို့ ကျွန်မထင်ပါတယ်။ ကိုယ် အဓိကထားတဲ့ ပရိသတ်တွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ပါရင် ထိရောက်နိုင်ပြီးတော့၊ တကယ်လို့ အရည်အသွေးကောင်းတဲ့ Content တွေပါရင်  လူတွေက ကိုယ့်ရဲ့ တီဗီကို ကြည့်ပါလိမ့်မယ်။ တကယ်လို့ လူတွေကို ဖျော်ဖြေတဲ့ Content က ကွာလတီ ကောင်းရင် အခက်အခဲရှိတယ်လို့ မထင်ပါဘူး " ဟု Media ၏ General Manager ဖြစ်သူ Maria Abril ကပြောသည်။

Parami Institute စတင်တည်ထောင်သည့် ၂၀၁၇ ခုနှစ် နှစ်စပိုင်းကတည်းက နိုင်ငံရေး၊ စီးပွားရေး တို့နှင့် ပတ်သက်သည့်ခေါင်းစဉ်အမျိုးမျိုးဖြင့် Talk Series များပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Parami Institute သည် ခေါင်းဆောင်မှုပညာကို အဓိကသင်ကြားနေပြီး အစိုးရမဟုတ်သည့် ကျောင်းတစ်ခု ဖြစ်ကာ မြန်မာနိုင်ငံအနှံ့မှ ကျောင်းသားကျောင်းသူများကို လိုက်လံစုစည်းကာ ငွေကြေးအမြတ်မယူဘဲ သင်ကြားပေးနေခြင်းဖြစ်ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly