မီးဘေးကြိုတင်ကာကွယ်ရေး မြိတ်မြို့ ဟိုတယ်နှင့် စက်ရုံ/ အလုပ်ရုံများတွင် လေ့ကျင့်မှု ပြုလုပ်နေ

မီးဘေးကြိုတင်ကာကွယ်ရေး မြိတ်မြို့ ဟိုတယ်နှင့် စက်ရုံ/ အလုပ်ရုံများတွင် လေ့ကျင့်မှု ပြုလုပ်နေ

မြိတ်၊ ဧပြီ ၁ ရက် ။            ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မြို့ပေါ်ရှိ ဟိုတယ်နှင့် စက်ရုံ/ အလုပ်ရုံတွေ မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေး ဇာတ်တိုက် လေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ် လျက်ရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးထံမှ သိရပါတယ်။

နိုင်ငံနှင့် တစ်ဝှမ်းတွင် ပွင့်လင်းရာသီမှာ မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပွားနေပြီး၊ အခု လက်ရှိ ၂၀၁၇- ၁၈ ခုနှစ်မှာ မြိတ်မြို့နယ်မှာ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပေး နှိုးဆော်မှုများနှင့် ကြိုတင် ကာကွယ်ဇာတ်တိုက်လေ့ကျင့်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိရာ မတော်တဆနှင့် အခြား မီးလောင်ကျွမ်းမှု တွေ ၈၀ ရာခိုင်နှုန်းအထိ လျှော့နည်းသွားတယ်လို့ သိရ ပါတယ်။

“ပွင့်လင်းရာသီ ရောက်လာပြီးဆိုတော့ ပြည်သူလူထုတွေ မီးဘေးအန္တရာယ်မှ ကင်းဝေးစေဖို့ ကြိုတင် ကာကွယ်မှုအနေနဲ့ ကျွန်တော်တို့ ရုံးမှာရှိတဲ့ မီးသတ်ဝန်ထမ်းတွေ အဆင်သင့် ဖြစ်နေအောင် သင်တန်းတွေ အမြဲပေးနေပါတယ်၊ နောက်ပြီး ဟိုတယ်တွေ စက်ရုံတွေနဲ့ ကုမ္ပဏီတွေမှာ ရှိတဲ့ ဝန်ထမ်းတွေကိုလည်း ရုံးမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ ဝန်းရံပြီးတော့ အပတ်စဉ် စက်ရုံတွေကို သွားပြီး ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်’’ လို့  မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။

လက်ရှိတွင် မတ်လ ၃၀ ရက်က စတင်လေ့ကျင့်နေခြင်း ဖြစ်ပြီး ရက်အကန့်သတ်မရှိ လေ့ကျင့်သွားဦးမယ် လို့လည်း သိရပါတယ်။

ယခုလို ပွင့်လင်းရာသီတွင် မြိတ်မြို့ပေါ်ရှိ ဟိုတယ်များ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများတွင် အလုပ် လုပ်ကိုင်နေကြသော ဝန်ထမ်းများကို မီးလောင်ကျွမ်းမှု ဖြစ်ပွားပါက အရေးပေါ် မီးငြိမ်းသတ်နိုင်ရန်  တစ်ပတ် တစ်ကြိမ် မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်မှု များကို စက်ရုံအလိုက် ဟိုတယ်တွေနဲ့ လူနေထူထပ်သော ရပ်ကွက်များမှားလည်း မီးသတ်လေ့ကျင့်တွေ တစ်ပတ်ကြိမ် ပြုလုပ်နေပါတယ်။

မြိတ်မြို့မှာ လက်ရှိတွင် အထပ်မြင့် အဆောက်အအုံတွေ များပြားလာသလို အထပ်မြင့် မီးငြိမ်းသတ်ယာဉ် တစ်စီးလည်း အရေးပေါ် လိုအပ်လာနေပြီး၊ တိုင်းအစိုးရအဖွဲ့ကိုလည်း အမြန်ဆုံးချပေးဖို့ တောင်းဆိုထားတယ် လို့လည်း ဆိုပါတယ်။

ထိုအပြင် မြိတ်မြို့နယ်ရှိ ဗဟိုမီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်/ ကျေးရွာအလိုက် မီးသတ် ရေသည်ယာဉ်နှင့် မီးသတ်ကား အစီးရေ ၂၇ စီး ရှိနေပြီး၊ သန္ဒေမီးသတ် ဝန်ထမ်းနှင့် ရပ်ကွက်/ ကျေးရွာအအလိုက် အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ဦးကျော်ရှိကြောင်း သိရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly