ဂျွန်စတုန်း၏ အသင်းပြောင်းခွင့်တောင်းဆိုမှုကို အဲဗာတန်ပယ်ချ

ဂျွန်စတုန်း၏ အသင်းပြောင်းခွင့်တောင်းဆိုမှုကို အဲဗာတန်ပယ်ချ

သြဂုတ် ၂၈၊ လီဗာပူးလ် ။         ။ ချယ်လ်ဆီးအသင်း၏ပစ်မှတ်ဖြစ်သော နောက်ခံလူ ဂျွန်စတုန်း၏အသင်းပြောင်းခွင့်တောင်းဆိုမှုကို အဲဗာတန်အသင်းက ပယ်ချလိုက်သည်။

နောက်ဆုံးတစ်ကြိမ်ကမ်းလှမ်းသည့် ပေါင်သန်း ၃၀ အပါအဝင် ချယ်လ်ဆီးအသင်းမှကမ်းလှမ်းလာမှုသုံးကြိမ်ကို အဲဗာတန်အသင်းကပယ်ချခဲ့ ပြီးနောက် အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမားသည် အသင်းပြောင်းခွင့်ရရန် အင်္ဂါနေ့ တွင်တောင်းဆို ခဲ့ခြင်းဖြစ်သည်။

"ဂျွန်စတုန်းက ရောင်းဖို့မဟုတ်ဘူး"ဟု အဲဗာတန်ဥက္ကဋ္ဌဘီလ်ကင်ရိုက်ကပြောသည်။ ယင်းအတွက် ချယ်လ်ဆီးအသင်းမှာ လတ်တလောတွင် ဂျွန်စတုန်းကိုခေါ်ယူရန် ခက်ခဲသည်ဟု ထင်မြင်ကာနောက် တစ်ကြိမ်ကမ်းလှမ်းဖွယ်မရှိဟု ယူဆရကြောင်း ဘီဘီစီသတင်းဋ္ဌာနက ဖော်ပြသည်။

ဂျွန်စတုန်းသည် ဗုဒ္ဓဟူးနေ့တွင် အဲဗာတန်အသင်းက ဘန်စလေကို အချိန်ပို၌ ၅-၃ ဂိုးဖြင့်အနိုင်ရသည့် လိဂ်ဖလားဒုတိယအဆင့်တွင် မိနစ် ၁၂၀ ပြည့်ပါဝင်ကစားခဲ့သည်။

ယင်းပွဲအပြီးတွင် အဲဗာတန်နည်းပြမာတီနက်ဇ်က ဂျွန်စတုန်းအတွက် ကမ်းလှမ်းလာမှုမှန်သမျှကို ပယ်ချသွားမည်ဟု ပြောဆိုခဲ့သည်။

"တစ်ခါတရံမှာ ငွေနဲ့အရာရာကိုဝယ်လို့မရနိုင်ဘူးဆိုတာ အဲဗာတန်အသင်းပြောချင်တဲ့ စကားပါပဲ"ဟု မာတီနက်ဇ်က ပြောသည်။ စတုန်းသည် ၂၀၁၃ ဖေဖော်ဝါရီတွင် ဘန်စလေမှပေါင် ၃ သန်းဖြင့်ပြောင်း လာပြီး ၂၀၁၄ သြဂုတ်တွင်စာချုပ်သက်တမ်းထပ်တိုးပြီးနောက် စာချုပ်ပြည့်ရန် လေးနှစ်ကျန်နေသေးသည်။

မန်စီးတီးကိုရှုံးသည့်ပွဲတွင်လူစားလဲခံရပြီး ဝက်စ်ဘရွန်းကိုနိုင်သည့်ပွဲတွင် အနီကတ်ပြခံရသည့် အသင်းခေါင်းဆောင်တယ်ရီ၏နေရာတွင် ဆက်ခံမည့်သူအဖြစ် ချယ်လ်ဆီးအသင်းက ဂျွန်စတုန်းကို သဘောကျနေခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly