ရာမို့စ်၊ အစ္စကိုတို့ ဒဏ်ရာပြဿနာများကြောင့် လာ့စ်ပါးမတ်စ်နဲ့ပွဲစဉ်ကို လွှဲချော်မည်၊ ပုံမှန်ပွဲထွက်ကစားသမားအချို့ကိုလည်း အနားပေးသွားဖွယ်ရှိ

ရာမို့စ်၊ အစ္စကိုတို့ ဒဏ်ရာပြဿနာများကြောင့် လာ့စ်ပါးမတ်စ်နဲ့ပွဲစဉ်ကို လွှဲချော်မည်၊ ပုံမှန်ပွဲထွက်ကစားသမားအချို့ကိုလည်း အနားပေးသွားဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နောက်ခံလူ ဆာဂျီယို ရာမို့စ်နှင့် ကွင်းလယ်လူ အစ္စကိုတို့ဟာ လာ့စ်ပါးမတ်စ်အသင်းနဲ့ လာလီဂါပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာများကြောင့် အသင်းရဲ့ နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို အဆိုပါပွဲစဉ်ကိုလည်း လွှဲချော်မှာဖြစ်တယ်လို့ နည်းပြ ဇီဒန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၃၂ ရှိပြီဖြစ်တဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ သူ့ရဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားပေးတဲ့အပြီးမှာ ကြံ့ခိုင်မှု မပြည့်ဝသေးသလို သူ့ရဲ့ အသင်းဖော် အစ္စကိုမှာလည်း နောက်ကျောနာကျင်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းမပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇီဒန်းကဟာ တူရင်မှာ ဂျူဗီတပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို အာရုံစိုက်လိုတာကြောင့် လာ့စ်ပါးမတ်စ်အသင်းနဲ့ စနေနေ့လာလီဂါပွဲစဉ်မှာ နာဗတ်စ်နဲ့ စီရော်နယ်လ်ဒိုတို့လို ပုံမှန်ပွဲထွက်ကစားသမားအချို့ကို အနားပေးဖို့ ရည်ရွယ်ထားပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားမှာ လက်ကျန် (၉)ပွဲကစားဖို့အလို ဦးဆောင်သူ ဘာစီလိုနာရဲ့အောက် (၁၅)မှတ်အကွာ ရမှတ် (၆၀)ဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags