မန်ချက်စတာယူနိုက်တက် ၉၂ မျိုးဆက်ထက် လင်ဂတ် ပိုအောင်မြင်ချင်နေ

မန်ချက်စတာယူနိုက်တက် ၉၂ မျိုးဆက်ထက် လင်ဂတ် ပိုအောင်မြင်ချင်နေ

မတ် ၃၀၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်က ၎င်းနှင့်အသင်းဖော်များဖြစ်သည့် ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့အနေဖြင့် အသင်း၏ကျော်ကြားသော ၉၂ ဂန္ထဝင်မျိုးဆက်၏ အောင်မြင်မှုထက်သာလွန်အောင် စွမ်းဆောင်နိုင် လိမ့်မည်ဟု မျှော်လင့်နေသည်။

အင်္ဂလန်ပြည်တွင်းတွင်အောင်မြင်မှုရခဲ့သည့် ကာလအပိုင်းအခြားတစ်ခုတွင်ပါဝင်ခဲ့သော ပေါလ်စခိုး၊ ဒေးဗစ်ဘက်ခမ်း၊ ဂယ်ရီနဗီးလ်အစရှိသည့်ကစားသမားများမှာ အိုးထရက်ဖို့ဒ်လူငယ်စီမံကိန်းမှ တပြိုင်တည်းပေါ်ထွက်လာခဲ့ကြသည့် ကစားသမားများဖြစ်ကြသည်။

ယင်းကစားသမားများကဲ့သို့ပင် လင်ဂတ်နှင့် ပေါ့ဂ်ဘာမှာ လူငယ်အဆင့်တွင်အသင်းဖော်များဖြစ်ခဲ့ကြပြီး ရက်ရှ်ဖို့ဒ်မှာ မန်ယူနိုက်တက်အကယ်ဒမီ၏ နောက်ဆုံးပေါ် အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။

ဖွတ်ဘောဖိုးကပ်စ်နှင့်အင်တာဗျူးတွင် လင်ဂတ်က “သမိုင်းသစ်ရေးဖို့ပါပဲ။ ဒါပေမဲ့ ပေါလ်စခိုး၊ ဒေးဗစ်ဘက်ခမ်း၊ ဂယ်ရီနဗီးလ် တို့လိုကစားသမားတွေပါတဲ့ အသင်းနဲ့ သူတို့ရဲ့အောင်မြင်မှုတွေကို ကြည့်လိုက်ရင် ကျွန်တော်တို့၊ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်တို့လို ပါတဲ့အသင်းကပဲ သူတို့ထက်သာဖို့ကြိုးစားပြီး ဆုဖလားတွေရဖို့ အခွင့်အရေးရှိပါတယ်။

သူတို့တွေက အဆင့်အတူတူနဲ့တက်လာကြတယ်။ ကျွန်တော့်ရဲ့အသင်းကတော့ သူတို့နဲ့မတူဘဲ ရက်ရှ်ဖို့ဒ်လို လူငယ် တစ်ယောက် ထပ်ဖြည့်ထားတယ်။ ပေါ့ဂ်ဘာက ၁၆ နှစ်သားကတည်းက ဒီမှာရှိခဲ့ဖူးတယ်။ သူတို့လုပ်ပြခဲ့တာထပ်ပိုအောင် ကျွန်တော်တို့ကြိုးစားချင်တယ်”ဟု ပြောသည်။

အသက် ၂၅ နှစ်အရွယ်လင်ဂတ်သည် လွန်ခဲ့သည့်လေးနှစ်ကတည်းက မန်ယူနိုက်တက်နှင့်ပွဲထွက်ခွင့်ရခဲ့သော်လည်း ပုံမှန် ပွဲထွက်ခွင့်နေရာအတွက်မူ ရုန်းကန်နေရဆဲဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly