အသက် ၁၁၀ နှစ် ပြည့်မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ ဗြိတိန်က အသက်အကြီးဆုံး ဘိုးဘိုး

အသက် ၁၁၀ နှစ် ပြည့်မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ ဗြိတိန်က အသက်အကြီးဆုံး ဘိုးဘိုး

မတ် ၃၀ ။            ။ ဗြိတိန်ရဲ့ အသက်အကြီးဆုံးသော အမျိုးသားတစ်ဦးဖြစ်တဲ့ အဘိုးအို ဘော့ ဝိတ်တန်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကပဲ ၎င်းရဲ့ အသက် ၁၁၀ နှစ်ပြည့်မြောက်တဲ့ မွေးနေ့ပွဲ အခမ်းအနားကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပသွားခဲ့ပါတယ်။

ဟူးလ်စီးတီးမှာ ပြုလုပ်ခဲ့တဲ့ အဘိုးအို ဘော့ရဲ့ အသက် ၁၁၀ နှစ်ပြည့်မွေးနေ့ပွဲကိုတော့ ၎င်းရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဆွေမျိုးမိသားစုနဲ့ မြို့တော်ဝန်တို့ တက်ရောက်ခဲ့ကြပါတယ်။

အဘိုးအို ဘော့ ကတော့ ခုလို ယူကေရဲ့အသက်အကြီးဆုံး အမျိုးသား ဆိုတဲ့ ရပ်တည်မှုကို စကော့တလန်က အဘိုးအို အဲလ်ဖရက်ဒ် စမစ်သ်နဲ့ အတူ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။ ၎င်းတို့ နှစ်ဦးကတော့ မွေးရက်၊ မွေးနေ့ တူညီကြတယ်လို့ သိရပါတယ်။

ခုလို အသက်ရှည်ရှည် ကျန်းမာစွာ နေနိုင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ကံကောင်းလို့ ဖြစ်ကြောင်း ဝိတ်တန်က ဖွင့်ဟသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘဝကို ပြည့်စုံစေပြီး စိတ်ဝင်စားစရာကောင်းစေမယ့် ရွေးချယ်မှုတွေကိုလည်း လုပ်နိုင်ရမယ်လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly