ထာဝရအမေရုပ်ရှင်မှ အကယ်ဒမီဆုရှင် များအား ဂုဏ်ပြု

ထာဝရအမေရုပ်ရှင်မှ အကယ်ဒမီဆုရှင် များအား ဂုဏ်ပြု

ရန်ကုန် မတ် ၃၀ ။            ။ ၂၀၁၇ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီဆု ၃ ဆု ရရှိခဲ့သည့် ထာဝရအမေရုပ်ရှင် ဇာတ်ကား ကြီးမှ အကယ်ဒမီဆုရှင်များနှင့် ပါဝင်ဆောင်ရွက်ခဲ့သူ များကို ယင်းဇာတ်လမ်းဝတ္ထုရေးသားခဲ့သူ ပါမောက္ခ ဦးခင်မောင်ဝင်းက ဂုဏ်ပြုညစာစားပွဲကျင်းပပေးခဲ့သည်။

မတ်လ ၂၉ ရက်နေ့က ညပိုင်းက ရန်ကုန်မြို့ SKY STAR ဟိုတယ်တွင် ဂုဏ်ပြုအခမ်းအနားကျင်းပခဲ့ပြီး အမှတ် တရ ပစ္စည်းများလည်း ပေးအပ်ခဲ့သည်။

" ဆရာက ဒီဇာတ်ကား စရိုက်ကတည်းက ငွေရေး ကြေး ရေးအတွက်လည်း လုံးဝမတွက်ဘူး၊ ကျော်ကြားမှု အတွက်လည်း လုံးဝမတွက်ဘူး၊ အကယ်ဒမီလည်း မမှန်းဘူး၊ အမေ့အတွက်ပဲဆိုပြီး ရိုက်ခဲ့တာ၊ အခုလို အကယ်ဒမီ ၃ ဆုရတော့ ကိုယ့်အတွက်ထက် ထုတ်လုပ်သူ တစ် ယောက်အနေနဲ့ ငါ့အမေအတွက် ငါတော်တော်တော့ ကမ္ဘာက သိအောင် လုပ်ပေးနိုင်ခဲ့ပါလားလို့ ပီတိ အရမ်းဖြစ်မိပါတယ်" ဟု စာရေးဆရာ၊ ထုတ်လုပ်သူ ပါမောက္ခ ဦးခင်မောင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် ပါမောက္ခ ဦးခင်မောင်ဝင်း၏ မိခင်နှင့် ဖြတ်သန်းခဲ့ရသော ဘဝတစ်စိတ်တစ်ပိုင်းကို ဖြစ်ရပ်မှန်ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ဇာတ် လမ်းတွင် ဆင်းရဲသည့် မိခင်တစ်ဦးက သားဖြစ်သူကို ခွဲစိပ် ဆရာဝန်ကြီးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည့် ခက်ခဲကြမ်းတမ်းသောဘဝနှင့် မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးထားသည်။

" ခရီးကအရှည်ကြီးလေ၊ ဒီဇာတ်ကားဖြစ်ဖို့ ခရီးအရှည် ကြီး လျှောက်ခဲ့ရတာ၊ ခရီးက အတော်ရှည်တယ်၊ အဝေး ကြီးက လာရတာ၊ ဒီပန်းတိုင်ရောက်အောင်လေ၊ လမ်းမှာ အခက်အခဲတွေအများကြီး ဖြတ်ရတယ်၊ ပြဿနာတွေ အများကြီး ရင်ဆိုင်ရတယ်၊ ကြိုးစားရတယ်၊ အရမ်းပင်ပန်း တယ်၊ အခု ပျော်စရာကောင်းတဲ့အချိန်ရောက်လာပြီလေ၊ အဲဒီတော့ ဒီပွဲကိုစီစဉ်ပေးတဲ့ ဆရာကြီးကိုလည်း ကျေးဇူး တင်တယ်၊ လက်တွဲဖော်တွေနဲ့လည်း အားလုံးပြန်တွေ့ရ တဲ့အတွက် ကျေးဇူးတင်တယ်၊ ပညာရှင်တွေရော၊ အမေ တွေရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို လွှမ်းခြုံတဲ့ညပေါ့ နော်" ဟု အကယ်ဒမီစင်ရော်မောင်မောင်က ပြောသည်။

ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို နိုင်ငံတော် ဝန်ကြီး ချုပ်ဟောင်း ဦးခင်ညွန့်အပါအဝင် အနုပညာရှင်များနှင့် ရုပ်ရှင်လောကသားများလည်း တက်ရောက်ခဲ့ကြသည်။

ထာဝရအမေရုပ်ရှင်ဇာတ်ကားသည် အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် စင်ရော်မောင်မောင်၊ အကောင်းဆုံး ရှပ်ရှင်တည်းဖြတ်ဆုအဖြစ် အိုဝင်နှင့် အကောင်းဆုံးရှပ်ရှင်အသံဆုအဖြစ် သိန်းအောင်တို့က အသီးသီး အကယ်ဒမီဆုများ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly