အကြွေးမဆပ်ရာမှ မိသားစုဝင် ရှစ်ဦးအား ကွပ်မျက်သတ်ဖြတ်သည့် လူခြောက်ဦးကို ထိုင်းတရားရုံး သေဒဏ်ပေး

အကြွေးမဆပ်ရာမှ မိသားစုဝင် ရှစ်ဦးအား ကွပ်မျက်သတ်ဖြတ်သည့် လူခြောက်ဦးကို ထိုင်းတရားရုံး သေဒဏ်ပေး

ဘန်ကောက်၊ မတ် ၂၉ ။            ။ ထိုင်းနိုင်ငံ တောင်ပိုင်းက တရားရုံးတစ်ရုံးသည် အကြွေးမဆပ်သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး အချင်းများရာမှ ကလေးသုံးဦးအပါအဝင် မိသားစုဝင် ရှစ်ဦးအား ကွပ်မျက်သတ်ဖြတ်ခဲ့ကြသည့် လူခြောက်ဦးကို သေဒဏ်စီရင်ချက် ချမှတ်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပိုင်နက်ကျူးလွန် လူသတ်မှုနှင့် ဆက်စပ်ပြစ်ဒဏ်များနှင့် ကြိုတင်ကြံစည်လူသတ်မှုတို့ဖြင့် ၎င်းတို့ခြောက်ဦးကို ကရာဘီပြည်နယ်တရားရုံးက မတ် ၂၈ ရက်တွင် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခြင်း ဖြစ်သည်။

ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတတ်ခြင်း အခွင့်အရေး ရတတ်သည့် ကိုယ်တိုင်ဝန်ခံခြင်းကို ယခု တရားခံအချို့က ဝန်ခံမှုများ ရှိသော်လည်း ၎င်းပြစ်မှုမှာမူ အလွန်စိတ်မချမ်းသာစရာ ပြစ်မှုတစ်ရပ်ဖြစ်ပြီး အများပြည်သူလည်း ထိတ်လန့်စေသည့် ပြစ်မှုကြီးဖြစ်ခြင်းကြောင့် ပြစ်ဒဏ်ကို လျှော့ပေါ့သက်ညှာမည် မဟုတ်ကြောင်း တရားရုံးက ပြောသည်။

အမျိုးမျိုးသော ရာဇဝတ်မှုများတွင် ထိုင်းတရားရုံးများက သေဒဏ်ချမှတ်ခြင်းများ ရှိသော်လည်း အမှန်တကယ် ကွပ်မျက်သည်မှာ ရှားရှားပါးပါးဖြစ်ပြီး ပြီးခဲ့သည့် ဆယ်နှစ်အတွင်း တစ်ဦးကိုသာ သေဒဏ်စီရင်ခြင်း ရှိခဲ့သည်။

၂၀၁၇ ဇူလိုင် ၁၀ ရက် ညနေက ကရာဘီပြည်နယ်ရှိ ကျေးရွာသူကြီး ဝိုရေးယွတ်၏ နေအိမ်အတွင်း ဌာနဆိုင်ရာယူနီဖောင်းပုံစံ ဝတ်ဆင်လျက် သေနတ်သမားများ ဝင်ရောက်လာခဲ့သည်။

အိမ်သူအိမ်သား ၁၁ ဦးကို ညလယ်အထိ ဖမ်းချုပ်ထားကာ မလွတ်ပေးမီ ဦးခေါင်းအား ပစ်ခတ်ခြင်း ဖြစ်သည်။

အဆိုပါ သတ်ဖြတ်မှုတွင် အသက် ၄ နှစ်မှ ၁၄ ကြား မိန်းကလေးများအပါအဝင် လူရှစ်ဦး သေဆုံးခဲ့သည်။

ချေးငွေနှင့် မြေပိုင်ဆိုင်မှုတို့ကြောင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly