ဒူတာတေးအစိုးရ လူဆင်းရဲများအပေါ် တာဝန်မကျေဖြစ်နေဟု ဆိုကာ မြို့တော်မနီလာတွင် ဆန္ဒထုတ်ဖော်

ဒူတာတေးအစိုးရ လူဆင်းရဲများအပေါ် တာဝန်မကျေဖြစ်နေဟု ဆိုကာ မြို့တော်မနီလာတွင် ဆန္ဒထုတ်ဖော်

မတ် ၂၈ ။              ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများအား ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေသည်ဟု စွပ်စွဲကာ ရာနှင့်ချီသော ဆန္ဒပြသူတို့ မတ်လ ၂၇ ရက်က မြို့တော်မနီလာ၌ ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

မတူညီသည့် အုပ်စုအဖွဲ့များမှ အသီးသီး ပါဝင်လာကြသည့် ဆန္ဒပြသူများသည် ယင်းနေ့က အနီရောင် သရဖူများ၊ ပုဝါများ၊ အဝတ်အထည်များကို ဝတ်ဆင်ကာ ယေရှု ဘုရားသခင် လက်ဝါးကပ်တိုင်တွင် သံဖြင့်စွဲနှောင် အဆုံးစီရင်ခံရမှုအတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များကို ခြယ်မှုန်း ပုံဖော်ပြသခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများမှာ နိုင်ငံတွင် ကြုံတွေ့ဖြစ်ပေါ်နေသည့် တရားစီရင်ရေးစနစ်၊ အခွန်အကောက် တိုးမြှင့်သတ်မှတ်မှု၊ ပြန်လည်နေရာချထားရေးကိစ္စများနှင့် ဥပဒေကို ကျော်လွန်သတ်ဖြတ်နေမှု များနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါနိုင်ငံတွင် ကျင်းပလေ့ရှိသည် ထင်ရှားသော ဘာသာရေးပွဲလမ်းတစ်ခုနှင့်အချိန်ကိုက်ကာ ယခုဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags