မကွေးတိုင်းအတွင်းရှိ အမျိုးသမီးများ လုံခြံုရေး၊ ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ရန် Women Network ဖွဲ့စည်း

မကွေးတိုင်းအတွင်းရှိ အမျိုးသမီးများ လုံခြံုရေး၊ ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ရန် Women Network ဖွဲ့စည်း

မကွေး၊ မတ်လ ၂၇ ။            ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများ ဘေးကင်းလုံခြုံရေး ၊ ဖွံ့ဖြိုးတိုးတက်အရေး၊ ပိုမိုထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး Women Network ကို ဖွဲ့စည်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ပြောသည်။

“ ဒီအဖွဲ့ကို ကျွန်မ ဦးဆောင် ဆောင်ရွက်တာတော့ဟုတ်ပါဘူး မကွေးမြို့မှာ ြပ်ီးခဲ့တဲ့လက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေးလုပ်ပါတယ် ။ အဲ့ဒီမှာ မကွေးမြို့က အမျိူးသမီးအရေး လုပ်ငန်းတွေ လုပ်နေတဲ့သူတွေ၊ အမျိုးသမီးတွေ စုစည်းမိသွားတဲ့အတွက် မကွေးတိုင်းဒေသကြီးမှာ အမျိုးသမီးအရေးတွေ ကူညီပေးနိုင်ဖို့ အဖွဲ့လေး ရှိသင့်တယ်ဆိုပြီး ဆွေးနွေးမိရာက Women Network ဖွဲ့စည်းဖြစ်သွားတာပါ” ဟု ဒေါ်ခင်ချိုလတ်က မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး Women Network ကို မတ်လ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့သည်ဟု သိရပြီး မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဌာန၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ၊တက္ကသိုလ်မှ ဆရာမများ၊ ရှေ့နေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် CSO NGOအဖွဲ့များ ပါဝင်သည့် အဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးထု လွှမ်းခြုံသော Network အဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

“ အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုများ စီးပွားရေး လူမှုရေး အကြမ်းဖက်ခံရမှုများကို ဒီ Network ကနေ အသိပညာပေးမှု၊ စွမ်းရည်မြှင့်သင်တန်းတေ ွဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် အသိပညာတွေ တိုးပွားလာပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေ တစ်စတစ်စ လျှော့နည်းသွားမယ်လို့ ထင်ပါတယ်” ဟု စလင်းမြို့နယ် တော်ဝင်သဇင်အဖွဲ့မှ ဒေါ်အေးအေးမြင့်က ပြောသည်။

အဆိုပါအဖွဲ့သည် အမျိုးသမီးများ၊ ကလေးသူငယ်များ၏ ကဏ္ဍ ၊၎င်းတို့၏ အခွင့်အရေး ရပိုင်ခွင့်များအား အသိပညာပေးခြင်း လုပ်ငန်းများ၊ စွမ်းရည်မြှင့်လုပ်ငန်းများ၊ ကူညီစောင့်ရှောက်သည့် လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly