သီချင်းဟောင်းတွေဆိုပေမယ့် အရင်နဲ့ ကွဲပြားအောင် ဖန်တီးထားတယ်ဆိုတဲ့ လှိုင်ဦးမော်

သီချင်းဟောင်းတွေဆိုပေမယ့် အရင်နဲ့ ကွဲပြားအောင် ဖန်တီးထားတယ်ဆိုတဲ့ လှိုင်ဦးမော်

ရန်ကုန် မတ် ၂၇ ။             ။ တေးသံရှင် လှိုင်ဦးမော်က သူ့ရဲ့ အကောင်းဆုံးတေးများလို့ အမည်ပေးထားတဲ့တေးစီးရီး မကြာခင် ထွက်ရှိ တော့မယ်လို့ သိရပါတယ်။

၅ နှစ်ကျော်အချိန်ယူ ဖန်တီးထားတဲ့ ဒီတေးစီးရီးထဲမှာ ဂီတသက်တမ်း နှစ် ၂၀ ကျော်သက်တမ်းအတွင်း ပရိ သတ်တွေ အားပေးမှု အခိုင်အမာရခဲ့တဲ့ တေးသီချင်း ၁၂ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။

" ဒီစီရီးထဲမှာ ကျွန်တော် အားရတဲ့သီချင်းတွေပါတယ်၊ ချစ်သူလေး၊ လွန်ပါစေအလွမ်းညတွေ၊ ပျော်ပါစေတို့ ချစ်စရာလေးပါ အဲဒီသီချင်းတွေပါတယ်၊ ဒီသီချင်းတွေက ပရိသတ်အားပေးမှုလည်း အခိုင်အမာရခဲ့တယ်၊ ကျွန်တော် ကိုယ်တိုင်လည်း ကြိုက်တယ်" လို့ လှိုင်ဦးမော်က ပြောပါတယ်။

ဒီတေးစီးရီးထဲကသီချင်းတွေကို ဒိုးလုံးနဲ့ လှိုင်ဦးမော်တို့ ကိုယ်တိုင်ရေးသားထားပြီး ချစ်တဲ့သူလေး၊ နွေ၊ ချစ်စရာ လေးပါ၊ ပျော်ပါစေ၊ လွမ်းနေပါတယ်၊ သေဆုံးသူ၊ ချစ်သူ လေး၊ အချစ်တွေပေးပါ၊ လွန်ပါစေအလွမ်းညတွေ၊ သဘာဝရောဂါ၊ အလှပြင်ထားပါ၊ ခံစားဖို့နှစ်သက်ရာ စတဲ့ သီချင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

"ဒီအခွေထဲမှာ အရင်သီချင်းဟောင်းတွေ ဆိုပေမယ့် သံစဉ်အပိုင်းကို အရင်ဟာတွေနဲ့ကွဲပြားအောင် ဖန်တီး ပေး ထားတယ်၊ ဆိုဟန်ကတော့ ကျွန်တော့်ခေတ် ကျွန်တော့် အသက်အရွယ်အတိုင်းပဲပေါ့၊ ခွေတွေမထွက်ဖြစ်ပေ မယ့်၊ ကျွန်တော် ငွေရေးကြေးရေး အဓိကမထားဘဲ ဂီတ အလုပ်တွေ လုပ်နေပါတယ်" လို့ လှိုင်ဦးမော်က ပြောပါတယ်။

ဒီတေးစီးရီးဟာ လှိုင်ဦးမော်ရဲ့ ၄ ခွေမြောက် တေးစီးရီး ဖြစ်ပြီး ဒီအခွေမှာ B.P.M အဖွဲ့နဲ့တီးခတ်ပြီး၊ P.T.L STUDIO မှာ အသံသွင်းထားပါတယ်။ ထူးခြားမှုအနေနဲ့ ချစ်စမ်းမောင်က MIXING ဆွဲပေးထားတယ်လို့ သိရပါ တယ်။ တေးစီးရီးကို MTV ရိုက်ဖို့လည်း စီစဉ်နေပြီး မတ်လ ၂၈ ရက်နေ့မှာ The SUN MUSIC ကနေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly