မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

ရေးသားသူ Dr. Sein Moe Satt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

တကယ်လို့ သင်ဟာ တစ်ခါမှ လိင်ဆက်ဆံဖူးတာမဟုတ်တဲ့ အပျိူစင်ပဲ ဖြစ်စေဦးတော့… သင့်ရဲ့ ရည်းစားက သင့်ကိုလိင်အဂါၤ ကြွက်နို့ပိုးကူးစက်အောင် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီရောဂါပိုးဟာ အရေပြားအချင်းချင်းထိရုံနဲ့လဲကူး တတ် တာဖြစ်လို့… တကယ်လို့ သူက သင့်ကို ထိုးသွင်းဆက်ဆံတာမျိူးမရှိပေမယ့်….. သူ့ရဲ့ယောက်ကျား အင်္ဂါနဲ့ သင့်ရဲ့ မိန်းမကိုယ်ကို ပွတ်တိုက်ရုံနဲ့ တင်…အဝတ်အစားလဲမပါဘူးဆိုရင်… ရောဂါပိုးက သင့်ဆီရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်  သင်အသက်နှစ်ဆယ့်ခြောက်နှစ် မပြည့်သေးဘူးဆိုရင် ကာကွယ်ဆေးထိုးပြီး လိင်အင်္ဂါကြွက်နို့ပိုးကို ထိထိရောက်ရောက် ကာကွယ်ထားသင့်ပါတယ်။

အပြင်မှာ သုတ်ရည်ကိုစွန့်တာ စိတ်ချရသလား

နောက်သတိထားစရာ တစ်ခုကတော့ … သင့်အဖော်က သုတ်ရည်ကို အပြင်ထုတ်တဲ့နည်းကို ကိုယ်ဝန်မရဖို့အတွက်သုံးနေတဲ့သူ ဆိုပါစို့..။ တကယ်တော့ ဒါဟာ အင်မတန် စိတ်မချရတဲ့နည်းဆိုတာ သင်သိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သုတ်ရည် အစစ်က သင့်မိန်းမကိုယ်ထဲ မဝင်ဘူးဆိုရင်တောင်မှ … သုတ်ရည်အစစ်မတိုင်ခင်ထွက်တဲ့ အရည်ကြည်မှာ သုတ်ပိုးပါနိုင်တာမို့လို့ပါပဲ..။  ဒါကြောင့်မို့လို့ ဘယ်လိုအခြေအနေဖြစ်ဖြစ်ကွန်ဒုံးသုံးတာဟာသင့်အတွက် စိတ်အချရဆုံးနည်းပါပဲ..။

နှစ်ထပ်စွပ်ရင် ဘာဖြစ်မလဲ

တချိူ့မိန်းကလေးတွေက တွေးတတ်ကြတယ်… တကယ်လို့များ ကွန်ဒုံးကို နှစ်ထပ်စွပ်ရင် ပိုစိတ်ချရမလားပေါ့..။ တကယ်တမ်းတော့ ဒါဟာ တကယ့်ကိုဆိုးဝါးတဲ့ အတွေးတစ်ခုသာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့ ချောဆီပါတဲ့ ဒီလိုကွန်ဒုံးတွေကို နှစ်ထပ်စွပ် တာ ဟာ…တစ်ခုနဲ့တစ်ခု လျှောပြီး ချော်ထွက်သွားနိုင်ပါတယ်..။ နောက်ဆက်တွဲအနေနဲ့ သင်မလိုချင်တဲ့ ကိုယ်ဝန်နဲ့ရောဂါတွေ ရသွားနိုင် ပါတယ်..။ ဒါကြောင့်နှစ်ထပ်စွပ်တာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်..။

မကြာခဏ ဆီးသွားပါ

နောက်တစ်ချက်အနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့… လိင်ဆက်ဆံမှူပြီး တဲ့ အခါတိုင်း ရေများများသောက်ပြီး ဆီးများများသွားသင့်ပါတယ်..။ ဘာကြောင့်လဲဆိုတော့.. လိင်ဆက်ဆံတာက သင့်ရဲ့ ဆီးအိမ်ကို လှူံ့ဆော်ပြီးတော့ ပိုးဝင်တာကိုအားပေးနိုင်ချေရှိလို့ပါပဲ..။ ဆီးမကြာခဏ သွားပေးခြင်းအားဖြင့်ဆီးလမ်းကြောင်းထဲကနေ ရောဂါပိုးမွှား တွေကို ပါသွားစေနိုင်လို့ပါ..။

သဘာဝမကျတဲ့နည်းလမ်းတွေ

တချိူ့တွေမှာတော့… ကိုယ်ဝန်မရစေနိုင်ဖို့ဆိုပြီး သဘာဝမကျတဲ့ ဆက်ဆံနည်းဖြစ်တဲ့… စအိုထဲကို ထိုးသွင်းတာကို လုပ်ကြပါတယ်..။  ဒါပေမယ့် တကယ်လို့ သင်က ကွန်ဒုံးမသုံးဘူးဆိုရင်တော့… သင့်ကိုယ်သင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေရဖို့ အခွင့်အ လမ်းဖွင့်ပေးထားတာနဲ့ အတူတူပါပဲ..။

ဆေးသောက်ဖို့ မမေ့ပါနဲ့

တကယ်လို့ သင်ဟာ… တစ်နေ့တစ်လုံးသောက်ရတဲ့ ကိုယ်ဝန်တားဆေးကို သုံးနေသူဖြစ်တယ်ဆိုပါစို့..။ တစ်နေ့တစ်လုံးကို အချိန် မှန်မှန်မမေ့မလျော့ သောက်သင့်ပါတယ်…။ ဖြစ်နိုင်ရင် လက်ကိုင်ဖုန်းနဲ့ alarm ပေးထားပြီးတော့သောက်သင့်ပါတယ်..။ ဘာကြောင့် လဲဆိုတော့… ဒီဆေးတွေဟာ ဟော်မုန်းဆေးတွေဖြစ်ပြီး မှန်မှန်မသောက်မိရင် ကိုယ်ဝန်ရသွားနိုင်လို့ပါ..။

သားအိမ်ထဲထည့်ထားတဲ့ပစ္စည်းကို စစ်ပါ

သားအိမ်ထဲ ပစ္စည်းထည့်ထားတဲ့ တချိူ့သော အမျိူးသမီးတွေမှာ …. ရှားရှားပါးပါးဖြစ်ရပ်အနေနဲ့ ရေချိူးနေရင်းဖြစ်ဖြစ် သင်ကိုယ်တိုင် တောင်မသိလိုက်မိဘဲ… ပြုတ်ကျသွားတာမျိူးဖြစ်တတ်ပါတယ်…။ ဒါကြောင့် မိန်းမကိုယ်ထဲမှာ ကြိုးစလေး ပုံမှန်အတိုင်းရှိနေ ရဲ့လားဆို တာကို ကိုယ့်ဖာသာနေ့တိုင်းစမ်းသပ်သင့်ပါတယ်..။

အကူအညီရယူဖို့/ဆေးရုံဆေးခန်းသွားရဖို့ မရှက်ပါနဲ့

မိန်းကလေးတွေရဲ့ ပင်ကိုယ်ဗီဇကိုက ရှက်တတ် ကြောက်တတ်ပါတယ်..။ ဒီလို လိင်ကိစ္စနဲ့ ပတ်သက်ရင် ပိုဆိုးပါတယ်..။ ဒါပေမယ့် သင်သိထားရမှာက မိမိရဲ့ ကျန်းမာရေးထက်စာရင် ဘယ်အရာကမှ ပိုအရေးမကြီးဘူးဆိုတာပါပဲ..။ ဒါကြောင့် နီးစပ်ရာ ကျန်းမာရေး ဌာနကိုသွားပြီး သင်ဆွေးနွေးမေးချင်တဲ့ အကြောင်းအရာတွေရှိရင် မေးမြန်းအကြံဉာဏ်ရယူဖို့ အရေးကြီးပါတယ်….။

ကွန်ဒုံးဟာ ကိုယ်ဝန်ရော.. ရောဂါပိုးကူးစက်တာကိုပါ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပါ။

မှန်မှန်ကန်ကန်နဲ့ စနစ်တကျ သုံးတတ်မယ်ဆိုရင် သင့်အတွက် အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းကို ကွန်ဒုံးတွေက ပေးစွမ်းမှာပါ..။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly