ဂျနီဖာလောရင့်စ် နှင့် အမ်မီရှမ်မာတို့ မကြာမီ ထုတ်လွှင့်မည့် ဟာသဇာတ်ကားအတွက် ဇာတ်ညွန်း အတူရေးသား

ဂျနီဖာလောရင့်စ် နှင့် အမ်မီရှမ်မာတို့ မကြာမီ ထုတ်လွှင့်မည့် ဟာသဇာတ်ကားအတွက် ဇာတ်ညွန်း အတူရေးသား

ဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရင့်စ်နှင့် အမ်မီရှမ်မာတို့သည် လာမည့်နှစ်များတွင် ထုတ်လွှင့်ပြသမည့် ဇာတ်ကားသစ်အတွက် ဇာတ်ညွန်းအတူ ရေးသားလျက်ရှိကြောင်း The New York Times နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

ဂျနီဖာနှင့် အမ်မီရှမ်မာတို့သည် လက်ရှိအချိန်တွင် ရုပ်ရှင်လောက၌ အင်အားကြီးမားသည့် သရုပ်ဆောင်မင်းသမီး နှစ်ဦးဖြစ်ပြီး လာမည့်နှစ်များတွင် ထုတ်လွှင့်ပြသမည့် ဟာသဇာတ်ကားအတွက် ဇာတ်ညွန်းကို အတူရေးသားလျက် ရှိသည်။

“ ကျွန်မတို့ အနုပညာညီမနှစ်ဦး ဇာတ်ကားအတွက် ဇာတ်ညွန်း ရေးနေပါတယ်။ ဇာတ်ညွန်း ရေးတာ ပြီးစီးလုနီးပါး ဖြစ်နေပြီ။ ယခုအခါ စာရွက်ပေါင်း တစ်ရာခန့် ရှိနေပါပြီ။ ကျွန်မတို့နှစ်ယောက် လုံး ဒီဇာတ်ကားမှာ သရုပ်ဆောင်သွားမှာပါ” ဟု အသက် ၂၅ နှစ်အရွယ်ရှိ လောရင့်စ် က ပြောကြား သည်။

လော်ရင့်စ်ကိုယ်တိုင် ဇာတ်ညွန်းရေးသားခြင်းသည် ၎င်းအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ရှမ်မာနှင့် ၎င်း၏ ညီမဖြစ်သူ ကင်တို့သည် ဇာတ်ညွှန်းရေးသားမှုတွင် ကူညီပေးလျက်ရှိသည်။ လော်ရင့်စ်၏ ညီမဖြစ်သူ ကင်သည် ဟာသစာရေးဆရာမ တစ်ဦးဖြစ်ပြီး ထုတ်လုပ်သူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly