ဦးဝင်းမြင့် သမ္မတအရည်အချင်းနှင့် ကိုက်ညီသည်ဟု တပ်မတော် သဘောတူ

ဦးဝင်းမြင့် သမ္မတအရည်အချင်းနှင့် ကိုက်ညီသည်ဟု တပ်မတော် သဘောတူ
ဓာတ်ပုံ - မင်းမင်း

နေပြည်တော်၊ မတ်လ ၂၆ ။              ။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ထားသည့် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်သည် သမ္မတ အရည်အချင်းနှင့် ကိုက်ညီသောကြောင့် သမ္မတ ရွေးချယ်စိစစ်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစု အဖွဲ့မှ ကိုယ်စားလှယ်က သဘောတူကြောင်း   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“အထူးအားဖြင့် တော့ တပ်မတော်သားဘက်က အစုအဖွဲ့က ကိုယ်စားလှယ် အနေနဲ့ကလည်း ဒါနဲ့ ပက်သတ်လို့ သူ့အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိဘူး။ အဓိကကတော့ဒါသမ္မတလောင်းရဲ့ Biography နဲ့ ၊ နောက်တစ်ခုက တင်ပြထားတဲ့ ဥပဒေအကြောင်းအရ အချက်အလက်တွေရဲ့ အပေါ်မှာပဲ အခြေခံပြီး စိစစ်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဒီအချက်၂ခုရဲ့ အပေါ်မှာကြည့်ပြီး သူတို့ဘက်က ကန့်ကွက်စရာမရှိဘုူးလို့ပြောတယ်။ အဲ့တာကြောင့်မို့လို့ကျွန်မတို့အားလုံးက တညီတညွတ်တည်း အစု အဖွဲ့တည်းမှာပါတဲ့ ကိုယ်စားလှယ်အားလုံးက တညီတညွတ်တည်း ဒါကိုဆုံးဖြတ်ပြီးတော့မှ အတည်ပြုလိုက်တာ” ဟု ယနေ့ပြည်ထောင်စု လွှတ်တေ်ာ အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။

ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တေ်ာတို့မှ ဥက္ကဋ္ဌ များနှင့် ဒုဥက္ကဋ္ဌများ ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ဒေါ်ခင်စန်းလှိုင် (ပုလဲ မဲဆန္ဒနယ်ရွေးကောက်ခံ ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဦးအောင်ကြည်ညွန့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) နဲ့၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိမရှိ စစ်ဆေးရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တေ်ာမစတင်မှီ ကျင်းပခဲ့ပြီး ယခုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်သည်။

“အထူးအားဖြင့် တော့ တပ်မတော်သားဘက်က အစုအဖွဲ့က ဒါကိုယ်စားလှယ် အနေနဲ့ကလည်း ဒါနဲ့ ပတ်သတ်လို့ သူ့အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိဘူး။ အဓိကကတော့ ဒါ သမ္မတလောင်းရဲ့ Biography နဲ့ ၊ နောက်တစ်ခုက တင်ပြထားတဲ့ ဥပဒေအကြောင်းအရ အချက်အလက်တွေရဲ့ အပေါ်မှာပဲ အခြေခံ ပြီး စီစစ်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီအချက်၂ခုရဲ့ အပေါ်မှာကြည့်ပြီး သူတို့ဘက်က ကန့်ကွက်စရာ မရှိဘူးလို့ ပြောပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ ကိုရွေးချယ်စိစစ်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ နှင့် ကိုက်ညီမှုရှိမရှိ၊ နှင့် သမ္မတ ဖြစ်မည့် အရည်အချင်းတွင် ပြဌာန်းထားသော အခန်း(၂)၏ ပုဒ်မ (၃)သည်လည်း ပုဒ်မ(၅၉) တွင် ပါဝင်သောအချက်များ စသည့်အချက်များနှင့် စစ်ဆေးခဲ့ပြီး ဦးဝင်းမြင့်က ထို ဥပဒေပုဒ်မများနှင့် ညီညွှတ်သောကြောင့် စီစစ်ရေး အဖွဲ့ ၇ ဖွဲ့မှ ထောက်ခံကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုကဲ့သို့ နိုင်ငံတော် သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသည်ဟု စီစစ် အတည်ပြုထားသည့်အတွက်ကြောင့် လာမည့် ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၈ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံတော်သမ္မတရွေးချယ်ရေးအဖွဲ့က ဒုတိယသမ္မတများ ဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးဟင်နရီဗန်ထီးယူ နှင့် ဦးမြင့်ဆွေတို့ကို သုံးဦးထဲမှ တစ်ဦးကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly