Girls’ Generation အဖွဲ့ဝင် ယွန်န SM Entertainment ၏ အလှဆုံး အမျိုးသမီး ငါးဦးစာရင်းတွင် ပါဝင်ခဲ့

Girls’ Generation အဖွဲ့ဝင် ယွန်န SM Entertainment ၏ အလှဆုံး အမျိုးသမီး ငါးဦးစာရင်းတွင် ပါဝင်ခဲ့

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့သည် MBC Everyone “ Weekly Idol” အစီစဉ်တွင် အထူးဧည့်သည့်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ အဖွဲ့ဝင် ယွန်နသည် SM Entertainment ၏ အလှဆုံး အမျိုးသမီး ငါးဦးစာရင်းတွင် ပါဝင်ခဲ့သည်။

SM Entertainmen ၏ အလှဆုံးအမျိုးသမီး ငါးဦးစာရင်းတွင် ပါဝင်ခဲ့မှုနှင့်စပ်လျဉ်း၍  ယွန်န ကို ဒက်ဖ်ကွန်က မေးမြန်းခဲ့သည်။ “ SM Entertainment ကို အခြေခံကာ အဆင့်သတ်မှတ်မယ်ဆို ရင် Eugene က ပထမနေရာကို ရမှာပါ ” ဟု ယွန်နက ဖြေကြားသည်။

SM၏ ထိပ်တန်းအချောဆုံး မင်းသမီးလီယွန်ဟီးနှင့် ဂိုရာတို့ ပါဝင်ခြင်းမရှိဘဲ ယွန်နသည် SM ၏ အလှဆုံး အမျိုးသမီး ငါးဦးစာရင်းတွင် ပါဝင်ခဲ့သည်။ Eugene၊ ဘိုအာ၊ ယူရီ၊ တေးယွန်းနှင့် ဆူလီတို့သည် SM Entertainment ၏ အလှဆုံး အမျိုးသမီး ငါးဦးအဖြစ် သတ်မှတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly