မယ်စကြာဝဠာ(မြန်မာ) ၂၀၁၅ နှင့် ၂၀၁၆ အတွက် ရန်ကုန်မြို့တွင် ရွေးချယ်ရန် ကျန်ရှိသည့် ဆန်ခါတင်များကို စက်တင်ဘာ တွင်ရွေးချယ်မည်

မယ်စကြာဝဠာ(မြန်မာ) ၂၀၁၅ နှင့် ၂၀၁၆ အတွက် ရန်ကုန်မြို့တွင် ရွေးချယ်ရန် ကျန်ရှိသည့် ဆန်ခါတင်များကို စက်တင်ဘာ တွင်ရွေးချယ်မည်

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် ရွေးချယ်ရန် ကျန်ရှိ သည့် ဆန်ကာတင်များကို စက်တင်ဘာ ၄ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း Miss Universe Myanmar Organization ၏ National Director ဒေါ်စိုးယုဝေက ပြောသည်။

Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲအတွက် ရန်ကုန်မြို့ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်များအတွက် သြဂုတ် ၁၁ ရက်မှ စတင်ကာ သြဂုတ် ၂၅ ရက်နောက်ဆုံး ထားလျှောက်လွှာပုံစံတင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

National Director ဒေါ်စိုးယုဝေက " ၄ ရက်နေ့ (စက်တင်ဘာ) မှာ ဒိုင်တွေနဲ့ တစ်ခါတည်း ရွေးမယ်။ လာလျှောက်ထားတဲ့ သူတွေထဲက စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ သူတွေထဲက အယောက် ၃၀ ကို လူတွေ့စစ်ဆေးပြီး အဲဒီထဲကမှ ဖိုင်နယ်ပြိုင်ပွဲအတွက် ၇ ယောက် ရွေးချယ် သွားမှာပါ" ဟု ပြောသည်။

ရန်ကုန်မြို့တွင် ရွေးချယ်ရန် ကျန်ရှိသည့် ဆန်ကာတင်များကို စက်တင်ဘာ ၄ ရက်တွင် ဒိုင်များဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် စာနယ်ဇင်း မီဒီယာများနှင့် Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့အလိုက် ကိုယ်စားပြု အလှမယ် ၁၃ ဦး ၊ ရန်ကုန်မြို့တွင် ရွေးချယ်မည့် အလှမယ် ၇ ဦး စုစုပေါင်း အယောက် ၂၀ ဖြင့် မိတ်ဆက်ပေး သွားမည် ဖြစ်သည်။

လက်ရှိတွင် Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲအတွက် မြို့အလိုက် ကိုယ်စား ပြု ယှဉ်ပြိုင်ရန် အလှမယ် ၁၂ ဦး ရရှိထားပြီဖြစ်ပြီး Miss Universe Mawlamyine 2015 တစ်ဦးသာရွေးချယ် ရန် ကျန်ရှိတော့သည်။ ယခင်က မြို့ ၁၄ မြို့တွင် City Director များကို ခန့်အပ်ထားပြီး ဖြစ်သကဲ့သို့ ပြင်ဦးလွင် ကိုယ်စားပြုအလှမယ် မရွေးချယ်ဖြစ်သည့်အတွက် ၁၃ ဦးသာ ရွေးချယ်ဖြစ် ခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် ကျင်းပမည့် Miss Universe Myanmar ပြိုင်ပွဲ၌ Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့အား Miss Universe Myanmar Organization မှ တစ်ပြိုင်နက် ရွေးချယ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly