အာရှဖလား ခြေစစ်ပွဲတွင်ရလဒ်ဆိုးရွားခဲ့ပြီးနောက် နည်းပြချူပ် ဂတ်ဆီီဇီကို ဖယ်ရှား

အာရှဖလား ခြေစစ်ပွဲတွင်ရလဒ်ဆိုးရွားခဲ့ပြီးနောက် နည်းပြချူပ် ဂတ်ဆီီဇီကို ဖယ်ရှား
ဓာတ်ပုံ-MFF

ရန်ကုန်၊ မတ် ၂၅ ။            ။ အာရှဖလား ခြေစစ်ပွဲတွင် ကာဂျစ်စတန်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် မြန်မာအသင်းရှုံးနိမ့်ကာ ရလဒ်ဆိုးရွားခဲ့အပြီး ရက်ပိုင်းအတွင်း နည်းပြချူပ် ဂတ်ဆီဇီ နှင့် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် (MFF) တို့လမ်းခွဲလိုက်ကြသည်။

ဂတ်ဆီဇီနှင့် MFF သည်စာချူ ပ်သက်တမ်း ၉ လကျန်ရှိနေသေးသော်လည်း ပြီးခဲ့သည့် အာရှဖလား ခြေစစ်ပွဲတွင်ရလဒ်ဆိုးရွားခဲ့ပြီး မြန်မာအသင်း အာရှဖလား ဝင်ရောက်ခွင့် ပျက်ပြယ်ခဲ့သည့် အတွက်လည်းကောင်း၊ ဆီးဂိမ်းစ် ပြိုင်ပွဲတွင်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းတို့ကြောင့် လည်းကောင်း နည်းပြဂတ်နှင့် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း MFF မှထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

MFF အနေဖြင့် မြန်မာအသင်း၏ မကာအိုနှင့် လက်ကျန် အာရှဖလားခြေစစ်ပွဲအား AFC(A) လိုင်စင်ရ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းကို ယာယီနည်းပြချူ ပ်အဖြစ် တာဝန်ပေးမည်ဖြစ်ကာ ဦးကြည်လွင်မှ ကြီးကြပ်လမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချူပ်အနေဖြင့် လက်ရွေးစင်အသင်းနည်းပြချူပ်သည် AFC (A)လိုင်စင်ရရှိထားသူ ဖြစ်ရမည်ဟု သက်မှတ်ထားသောကြောင့်် ယခုကဲ့သို့ ယာယီခန့်အပ် တာဝန်ပေးရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် အစားထိုး ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly