ကိုယ်ဝန်ဖျက်ချခြင်းကို တင်းကြပ်လာခြင်းကြောင့် ပိုလန်တွင် ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြ

ကိုယ်ဝန်ဖျက်ချခြင်းကို တင်းကြပ်လာခြင်းကြောင့် ပိုလန်တွင် ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြ

ဝါဆော၊ မတ် ၂၄ ။         ။ ပိုလန်နိုင်ငံတွင် ကွန်ဆာဗေးတစ်အစိုးရက ကိုယ်ဝန်ဖျက်ချခြင်းကို တင်းကြပ်ရန် နောက်ဆုံးကြိုးပမ်းလာခြင်းအား ဆန့်ကျင်ကာ ဝါဆောနှင့် အခြားမြို့များတွင် ထောင်ပေါင်းများစွာသော ပြည်သူများက မတ် ၂၃ ရက်တွင် ဆန္ဒပြကြသည်။

ဥရောပတွင် ကိုယ်ဝန်ဖျက်ချမှု ဥပဒေ အတင်းကြပ်ဆုံး တစ်နိုင်ငံဖြစ်သည့် ပိုလန်တွင် မိခင်လောင်း၏ အသက်အန္တရာယ်၊ မုဒိမ်းပြုကျင့်ခံရခြင်းကြောင့် ရသော ကိုယ်ဝန်နှင့် သန္ဓေသား ပျက်စီးမှုများတွင်သာ ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုထားသည်။

၂၀၁၆ ခုနှစ်အတွင်းက ကိုယ်ဝန်ဖျက်ချခြင်း အားလုံးကို တားမြစ်ရန် ကြိုးစားလာမှုကြောင့် အမျိုးသမီးများက အနက်ရောင်များ ဝတ်ဆင်လျက် ဆန္ဒပြမှုသည် နိုင်ငံအနှံ့ ပြန့်နှံ့ခြင်းကြောင့် အစိုးရက ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ရဖူးသည်။

ယခု အဆိုပြုလာသော ကွန်ဆာဗေးတစ်များ လွှမ်းမိုးရာ လွှတ်တော်တွင် အတည်ပြုရန် ရှိသည့် ဥပဒေကြမ်းအရ မိခင်လောင်း၏ အသက်အန္တရာယ်နှင့် မုဒိမ်းပြုကျင့်ခံရခြင်းမှ ရရှိသော ကိုယ်ဝန်တို့ကို ဖျက်ချမှုအား ဆက်လက်ခွင့်ပြုထားသည်။

သို့သော် ရှိရင်းစွဲ နာမကျန်းရောဂါ၊ ချို့ယွင်းချက်ပါ သန္ဓေသားနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုမှု နှေးကွေးသော ရောဂါရှိသူ စသည်တို့တွင် ကိုယ်ဝန်ဖျက်ချခြင်းအား တားမြစ်မည်ဖြစ်သည်။

ဝါဆောက ဆန္ဒပြသူများသည် နိုင်ငံ၏ ကိုယ်ဝန်ဖျက်ချခြင်းကို ပိုမိုတင်းကြပ်ရန် ဆော်သြတိုက်တွန်းသော သြဇာကြီး ရိုမန်ကက်သလစ်ကျောင်းတော်ရာနားတွင် စုရုံးကြပြီးနောက် ပါလီမန်တို့ ချီတက်ကြကာ အာဏာရ လက်ယာယိမ်း Law and Justice ပါတီရုံးချုပ်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။

ပိုလန်ပါလီမန်အနေဖြင့် အဆိုပါ ဥပဒေကို ပယ်ချရန် ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနှင့် ကုလသမဂ္ဂပညာရှင်များက တိုက်တွန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly