မလေးရှား ကမ်းလွန်တွင် သောင်တူးသင်္ဘောတိမ်းမှောက်ရာမှ တရုတ်သင်္ဘောသားနှစ်ဦးအား ကယ်ဆယ်နိုင်

မလေးရှား ကမ်းလွန်တွင် သောင်တူးသင်္ဘောတိမ်းမှောက်ရာမှ တရုတ်သင်္ဘောသားနှစ်ဦးအား ကယ်ဆယ်နိုင်

ကွာလာလမ်ပူ၊ မတ် ၂၄ ။       ။ မလေးရှားနိုင်ငံ၏ တောင်ပိုင်းကမ်းလွန်တွင် တရုတ် သောင်တူးသင်္ဘောတစ်စီး တိမ်းမှောက်ရာ နာရီပေါင်း ၅၀ ထက်မနည် ကယ်ဆယ်ရေး ဆောင်ရွက်အပြီး တရုတ်သင်္ဘောသားနှစ်ဦးအား ကယ်ဆယ်လိုက်နိုင်ကြောင်း ရေကြောင်းအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက မတ် ၂၄ ရက်တွင် ပြောသည်။

အဆိုပါ သင်္ဘောတိမ်းမှောက်မှုတွင် ရုပ်အလောင်းသုံးလောင်ကို ရှာဖွေတွေ့ရှိထားပြီး ကိုးဦးက ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

မတ် ၂၁ ရက်က သင်္ဘောတိမ်းမှောက်ခြင်းဖြစ်ကာ ကယ်ဆယ်ရေးများ ဆောင်ရွက်ရာတွင် ရေကူးသမားများက ထုနှက်သံကြားရခြင်းမှစကာ အဆိုပါ တရုတ်သင်္ဘောသားနှစ်ဦးကို အင်ဂျင်ခန်းမှ ရှာဖွေကယ်ဆယ်လိုက်နိုင်ခြင်းဖြစ်သည်။

ထိုသူတို့နှစ်ဦးအနေဖြင့် တိမ်းမှောက်သည့် သင်္ဘော၏ အင်ဂျင်ခန်းတွင် လေဟာနယ်ဖြစ်နေရာအတွင်း ပိတ်မိနေ၍ ယခုကဲ့သို့ အသက်ရှင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူ ယူစွတ်က ဆိုသည်။

၎င်းတို့နှစ်ဦးစလုံး အားနည်းနေပြီး ရေဓာတ်ခြောက်ခန်းမှုကြောင့် ဆေးရုံသို့ တင်ပို့ထားကြောင်း ၎င်းက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် အခြားအသက်ရှင်သူများ ရှိနေဦးမည်ဟု မျှော်လင့်ချက်များ ရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly