ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှပ်နှံမှုပွဲတော် ကျင်းပနေ

ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှပ်နှံမှုပွဲတော် ကျင်းပနေ

ကော့သောင်း၊မတ် ၂၄ ။           ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကော့သောင်းမြို့နယ်မှာ ပထမဆုံး ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့တွင် ၂ ရက်တာ ကျင်းပပြုလုပ်နေကြောင်း သိရသည်။

ခရီးသွားနှင့် ရင်းနှီးမြှပ်နှံမှုတော်တွင် ပြည်တွင်း/ ပြည်ပမှ ခရီးသွား ကုမ္ပဏီများ၊  ဟိုတယ်လုပ်ငန်းရှင် ပြပွဲများ၊ ကျွန်းခရီးပြ ခန်းများ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်သော ပြခန်းများ၊ ဆလုံလူမျိုးရိုးရာ ပြခန်းနှင့် အကများ၊ ထားဝယ် ရိုးရာအကများနှင့် ဒေသထွက် လက်ဆောင်ပစ္စည်း အရောင်းပြခန်းများ စသည့် ပြခန်း ၆၀ နီးပါး ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

အဆိုပါ ခရီးသွားနှင့် ရင်းနှီးမြှပ်နှံမှုပွဲတော်သို့ ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် အခြား တိုင်း/ ပြည်နယ် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

" ကျွန်တော်တို့ ထားဝယ်ခရီးသွားလုပ်ငန်းရှင်များအသင်းအနေနဲ့က ထားဝယ်ဒေသက Local တွေ စိတ်ဝင်စားတဲ့ သမိုင်းဝင်ရှင်ကိုးရှင် ထားဝယ် ဘုရားဖူးခရီးစဉ်ကတော့ အရမ်းနာမည်ကြီးပါတယ်။ ဒီအတွက်ကြောင့် ခရီးသွားနှင့်ပွဲတော်မှာ လာရောက်ပြသတာပါ ။ အခုဆိုရင် ထားဝယ်မှာ ကျွန်းခရီးတွေလည်း ရှိလာတယ်နေပြီ" ဟုထားဝယ်ခရီးသွားလုပ်ရှင်အသင်းပြခန်းမှ တိုးဂိုက်တာဝန်ခံ ကိုလင်းနိုင်က ပြောသည်။

ကော့သောင်း ခရီးသွားနှင့် ရင်းနှီးမြှပ်နှံမှုပွဲတော်သို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဟိုတယ်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အများအပြား တက်ရောက်ခဲ့ကြောင်း၊ ပြပွဲတွင် လာရောက် ပြသသည့် ကုမ္ပဏီများထံမှ သိရသည်။

ပထမဆုံးပြုလုပ်သည့် ကော့သောင်း ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်မှာ မတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပွဲတော်အတွင်း ရိုးရာပြခန်းများနှင့် တေးဂီတ ဖျော်ဖြေပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly