ရပ်ထားသောကုန်တင်ကားအား ခရီးသည်တင်ကားလေးတစ်စီးမှ ၀င်တိုက်ရာ လူ ၆ ဦး သေဆုံး

ရပ်ထားသောကုန်တင်ကားအား ခရီးသည်တင်ကားလေးတစ်စီးမှ ၀င်တိုက်ရာ လူ ၆ ဦး သေဆုံး

မတ်လ ၂၄ ။             ။ ကော့ကရိတ်မြို့ ၊ ကော့ကရိတ်- မြဝတီသွား ကားလမ်း အာရှလမ်းမကြီး ဒေါနအလင်းကုမ္မဏီအနီး ရပ်ထားသောကုန်တင်ကားအား ခရီးသည်တင်ကားလေးတစ်စီးမှ ဝင်တိုက်ရာ လူ ၆ ဦး နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက်၊ ည ၈ နာရီအချိန်၊ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ အာရှလမ်းမကြီးအတိုင်း ယာဉ်မောင်း မူံကြီး(ခ) ငွေလင်းအောင် ၃၆ နှစ် (ဘ) ဦဖေးအောင် မွန်/ဗုဒွ ၏သားဖြစ်သူ ယာဉ်မောင်း ထုံးအိုင်ကျေးရွာ၊ မောင်းနှင်လာပြီး ယာဉ်နောက်လိုက်ပါလာသူ ယာဉ်မောင်းပါ ကျား(၅) ဦး မ(၄) ဦးပေါင်း(၉) ဦးတင်ဆောင်လားပြီး မောင်းနှင်လာသော 9G/9006 အော်တစီ (ခဲ) ရောင်ယာဉ်သည် အခင်းဖြစ်ရာ နေရာ အရောက် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှရပ်ထားသော ကုန်တင်ကာတစ်စီးအားတိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါခရီးသည်တင်ယာဉ်မှာ အမိုးလန်သွားပြီးလေအိတ်များပွင့်ထွက်ကာယာဉ်ပေါ်လိုက်ပါလာသူ (၉) ဦးတွင် ကျား(၄) ဦး မ(၁) ဦး နှင့် ရပ်ထားသောကုန်တင်ကားကြီးမှ ဂျန်းတုံးခုသူ နေရပ်/လိပ်စာအမည်မသိသူ ကျား(၁) ဦး အပါအဝင် စုစုပေါင်း ၆ ဦး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ယင်း ယာဉ်တိုက်မူတွင် သေဆုံးသူများနှင့်ဒဏ်ရာရရှိသောလူနာများအား ကော့ကရိတ်မြို့၊ ပြည့်သူဆေးရုံသို့ ကော့ကရိတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က အချိန်မှီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly