ဘရာဇီးဆိပ်ကမ်းတစ်ခုမှာ ကိုကင်း ၂ တန် ဖမ်းမိ

ဘရာဇီးဆိပ်ကမ်းတစ်ခုမှာ ကိုကင်း ၂ တန် ဖမ်းမိ

မတ် ၂၄ ။          ။ ဘရာဇီးနိုင်ငံ ဆောပေါလို ကမ်းရိုးတန်းအပြင်ဘက် ဆန်းတို့စ် ဆိပ်ကမ်းတွင် ကိုကင်း ၂ တန်ခန့်ကို အာဏာပိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း ဘရာဇီးအကောက်ခွန်အဖွဲ့က မတ်လ ၂၃ ရက်တွင် ထုတ်ပြန်သွားသည်။

အဆိုပါ ကိုကင်းများ ဖမ်းဆီးရမိမှုမှာ ယင်းဆိပ်ကမ်း၌ ပမာဏအများပြားဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်းတို့စ် ဆိပ်ကမ်းမှာ  တောင်အမေရိက၏ အကြီးဆုံးသော ဆိပ်ကမ်းဖြစ်သကဲ့သို့ အရေးပါဆုံးသော ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။

ဆန်းတို့စ် ဆိပ်ကမ်းသို့ ရောက်လာသည့် ကော်ဖီ၊ ပဲ၊ သကြား ကုန်သေတ္တာသုံးလုံးထဲတွင် ဝှက်၍ ထားသော အဆိုပါ မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာက ရှာဖွေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ဘရာဇီးအကောက်ခွန်ရုံးက ပြောသည်။

ယင်း ကိုကင်းများပါသည့် ကွန်တိန်နာများမှာ ပြည်ပသို့ တင်ပို့ရန် ရောက်လာခြင်း ဖြစ်သော်လည်း မည်သည့်နိုင်ငံကို တင်ပို့ရန် စီစဉ်ထားသနည်းဆိုသည်ကိုတော့ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly