မက္ကဆီကို နယ်ခြားတံတိုင်း ရန်ပုံငွေဘတ်ဂျက်အား အမေရိကန်ကွန်ဂရက်လွှတ်တော် အတည်ပြု

မက္ကဆီကို နယ်ခြားတံတိုင်း ရန်ပုံငွေဘတ်ဂျက်အား အမေရိကန်ကွန်ဂရက်လွှတ်တော် အတည်ပြု

ဝါရှင်တန်ဒီစီ၊ မတ် ၂၃ ။          ။ ပင်တဂွန်အတွက် ဘတ်ဂျက်တိုးခြင်းနှင့် မက္ကဆီကိုနှင့် နယ်ခြားတံတိုင်း ရန်ပုံငွေအပါအဝင် အသုံးစရိတ် ၁ ဒဿမ ၃ ထရီယံကို မတ် ၂၃ ရက် အစောပိုင်းက အမေရိကန်ကွန်ဂရက်လွှတ်တော် အတည်ပြုလိုက်သည်။

အဆိုပါ အသုံးစရိတ်ဥပဒေကြမ်းကို ဆီးနိတ်တွင် ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၃၂ မဲနှင့် အတည်ပြုထားခြင်းဖြစ်ကာ အောက်လွှတ်တော်တါင် ထောက်ခံမဲ ၂၅၆ မဲ၊ ကန့်ကွက် ၁၆၇ မဲဖြင့် မတ် ၂၂ ရက်က အတည်ပြုထားခြင်း ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါ အသုံးစရိတ်ဥပဒေကြမ်းကို အစိုးရယန္တရားတန့်ရပ်မှု တတိယအကြိမ်မဖြစ်အောင် ရှောင်ရှားနိုင်ရေး လက်ရှိအသုံးစရိတ်ရန်ပုံငွေ သက်တမ်းကုန်မည့် မတ် ၂၃ ရက် သန်းခေါင်မကျော်လွန်မီ လက်မှတ်ထိုးဖြစ်ဖွယ်ရှိသည်။

ယခု ကွန်ဂရက်က အတည်ပြုလိုက်သော ဘတ်ဂျက်ဥပဒေကြမ်းတွင် သမ္မတ ထရမ့် ရေရှည်ဆန္ဒထားခဲ့သော မက္ကဆီကိုနှင့် နယ်ခြားတံတိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ အပါအဝင်ကို ဒီမိုကရတ်ခေါင်းဆောင်များ ကျောထောက်နောက်ခံဖြင့် အတည်ပြုလိုက်နိုင်ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ တံတိုင်းအတွက် ချထားဘတ်ဂျက်ပမာဏသည် သမ္မတတောင်းခံထားသော ဒေါ်လာ ၂၅ ဘီလီယံနှင့် များစွာ နည်းနေသေးသော ပမာဏဖြစ်သည်။

ယခု ဘတ်ဂျက်တွင် ပင်တဂွန်အတွက် ဒေါ်လာ ၆၆ ဘီလီယံခန့် ချထားခြင်းကြောင့် အမေရိကန်စစ်အသုံးစရိတ်အနေဖြင့် ဒေါ်လာ ၇၀၀ ဘီလီယံအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly